ပီဒီအက်ဖိုင်တွေကို တစုတစည်းတည်း ထားလို့ရတဲ့နည်း
By Ma Naw Phyu Lay

ယခုအသုံးများတဲ့ ဖိုင် format တွေဟာ ဘယ်ဖိုင်တွေ အသုံးများလည်းဆိုတော့ PDF လို့ ပြောရမယ်ထင်ပါတယ်။ အဲ အထူးသဖြင့် ကျွန်မတို့ ဝက်ဘ်ဆိုက်တွေနဲ့ အီးဘုတ်တွေ အွန်လိုင်းမဂ္ဂဇင်းလုပ်ကြတဲ့အခါမှာ PDF (Protable Document Format) ကို သုံးကြတာ သတိပြုမိတယ်မဟုတ်လား။ အဲဒီ PDF ဖိုင်တွေများလာတဲ့အခါ ဒါမှမဟုတ် PDF စာမျက်နှာတွေများလာတဲ့အခါ စုစည်းဖို့လိုလာပါတယ်။ ဒီအခက်အခဲကို Softplicity Research (www.coolutils.com)က PDF Combine ဆော့ဖ်ဝဲကို ထုတ်လုပ်ကူညီပေးထားပါတယ်။ PDF ဖိုင်များကို ပေါင်းပေးပါတယ်။ merge လုပ်ပေးတယ်ဆိုပါတော့လေ။
PDF Combine က e-book များသာမက invoices, bank statements, contracts စတဲ့ စာရွက်စာတမ်းများကိုလည်း ပေါင်းပေးပါတယ်။ PDF ဖိုင် ဘယ်လောက်များပါစေ ပေါင်းပေးနိုင်ပါတယ်။ အကျိုးကျေးဇူးကတော့ မိမိအနေနဲ့ စာအုပ်တစ်အုပ် ချင်းကို ဖွင့်လိုက်၊ ဖတ်လိုက်၊ ပိတ်လိုက် လုပ်ရန် မလိုတော့ဘဲ အကြောင်းအရာတူတဲ့ စာအုပ်အများကြီးကို တစ်ဆက်တည်း ဖတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ စာမျက်နှာတွေကို အစဉ်အတိုင်း ပြန်စီပေးပါသေးတယ်။ PDF Combine ဟာ ဖိုလ်ဒါအလိုက် ပြောင်းပေးခြင်းသာမက subfolder များကိုလည်း ပေါင်းပေးပါတယ်။ E -book အတွက် Table of Contents ကို တည်ဆောက်ပေးပြီး ပေါင်းလိုက်တဲ့ဖိုင်အမည်များကို bookmark အဖြစ် ဖော်ပြပေးပါတယ်။ သင်ကိုယ်တိုင်လည်း bookmark တွေ ပြုလုပ်နိုင်လို့ အသုံးပြုအလွန်လွယ်ကူပြီး ရှာဖွေရ သက်သာစေပါတယ်။ အခမဲ့စမ်းသပ်ခွင့်ပေးထားတဲ့ ဗားရှင်းမှာကိုက အပြည့်အဝ ပေါင်းဖိုး ပေးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ Full Version အမြဲသုံးချင်တယ်ဆိုရင်တော့ ဒေါ်လာနဲ့ဝယ်သုံးလို့လည်း ရပါတယ်ရှင်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
