သရီးဒီ ချက်ရွန်း
By APT

ဒီ၀က်ဘ်ဆိုက်ကတော့ ဂိမ်းနဲ့ ဖျော်ဖြေရေးအတွက် ကြည့်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်ဖြစ်ပြီး သန်းပေါင်များစွာသော လူတွေ တွေ့ဆုံ စကားပြော၊ ဂိမ်းဆော့ကြတဲ့ ၀က်ဘ်ဆိုက် ဆိုရင်လည်း မမှားပါဘူး။ အခန်း၊ ဈေးဆိုင်နဲ့ ရုပ်ပုံတွေကို စိတ်ကြိုက် အလှတန်ဆာ ဆင်ယင်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကိုယ်ပိုင် ရုပ်ပုံတွေကိုလည်း သရီးဒီအဖြစ် ဖန်တီးနိုင်တဲ့ အတွက် စတား ဒီဇိုင်နာ တစ်ယောက်လည်း ဖြစ်နိုင်ပါသေးတယ်။ ကမ်ဘာတ၀န်းက သူငယ်ချင်း အသစ်တွေနဲ့လည်း မိတ်ဖွဲ့နိုင်ပြီး ဖက်ရှင်၊ ပရိဘောဂစတဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေ အခမဲ့ ဖန်တီးကာ ဒီ၀က်ဘ်ဆိုက်မှ တစ်ဆင့် ရောင်းချနိုင်မှာလည်း ဖြစ်ပါတယ်။ အသုံးပြုလိုသူတွေ အနေနဲ့ ဒီ၀က်ဘ်ဆိုက်မှာ ပေးထားတဲ့ IMVU ဆော့ဖ်၀ဲကို အခမဲ့ ရယူထားရမှာ ဖြစ်ပြီး နေ့စဉ် အသုံးပြုနေသူပေါင်း ခြောက်သောင်းကျော် ရှိတယ်လို့ ၀က်ဘ်ဆိုက်က ဆိုပါတယ်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
