Acer K202HQLCbd
By Team ICT.com.mm

Acer မှ Monitor များကို အစဉ်တစိုက်အားပေးနေသော Acer ချစ်သူများအတွက် Acer မှအသစ်ထပ်မံထုတ်လုပ်လိုက်သော LED Monitor 19.5 inches အမျိုးအစားဖြစ်ပါတယ်။ အချိုးအစားမှာ (16 : 9) ရှိပြီး Resolution အနေဖြင့် (1366 x 768) အထိအသုံးပြုနိုင်ပြီး Brightness မှာ 200 nits အထိ အလင်းစူးအားကို ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။ Contrast ratio မှာ (100,000,000 : 1) အထိရရှိပြီး၊ လျှင်မြန်စွာတုန့်ပြန်မှု (Response Time) မှာ 5ms သာ အချိန်ကြာမြင့်သည့်အတွက် လျှင်မြန်စွာရုပ်ထွက်တွေကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ LED Technology ကို အသုံးပြုထားသည့်အတွက် ပါဝါစားသက်သာမှုကို သိသာထင်ရှားစွာ အသုံးပြုနိုင်ပါတယ်။Interface အနေဖြင့် VGA နှင့် DVI port များပါရှိပါသည်။ Acer LED Monitor ကို ဝယ်ယူအားပေးချင်သူများအတွက် Acer (ရွှေလမင်းနဂါးကုမ္ပဏီ) မှ အာမခံသက်တမ်း ပစ္စည်းတန်ဖိုး (2) နှစ်နှင့်လက်ခအခမဲ့ (3) နှစ်ပေးထားကာ အမြို့မြို့အနယ်နယ်ရှိ Acer Dealer/Reseller ဆိုင်ကြီးများတွင်စုံစမ်းမေးမြန်းဝယ်ယူရရှိနိုင်ပါသည်။ဖုန်းနံပါတ် 01-230-0087~88, 09-250-177-761~62 သို့စုံစမ်းမေးမြန်းနိုင်ပါပြီ။
တန်ဖိုး -US$90
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
