American Sniper ဝတ္ထုအား စပီးဘာဂ်က ရုပ်ရှင်ရိုက်မည်
By Kan Gyi

အိုစမာဘင်လာဒင်ကို နှိမ်နင်းရာတွင် ပါဝင်ခဲ့သော Navy SEAL အဖွဲ့ဝင်ဟောင်း ခရစ်ကယ်လီ၏ American Sniper ဝတ္ထုကို ဒါရိုက်တာ စတီဗင်စပီးဘာဂ်က ရုပ်ရှင် ဇာတ်ကားအဖြစ် ဖန်တီးရိုက်ကူးမည် ဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။ ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့သည့် ၎င်းဝတ္ထုသည် ကယ်လီ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်ပြီး ရောင်းအား အကောင်းဆုံး စာအုပ်စာရင်းတွင် ဖော်ပြခြင်း ခံခဲ့ရသည်။
အမေရိကန် စစ်တပ်သမိုင်းတွင် အတော်ဆုံး လက်ဖြောင့် သေနတ်သမား တစ်ဦးအဖြစ် သတ်မှတ်ခံရသည့် ကယ်လီသည် ရန်သူ ၁၆၀ဦးကို ပစ်သတ်ခဲ့သည်ဟု သိရပြီး ၂၀၁၂ခုနှစ်တွင် တက္ကဆက်ပြည်နယ် မြောက်ပိုင်း၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ ဒါရိုက်တာ စပီးဘာဂ်သည် အဆိုပါ ဇာတ်ကားကို သရုပ်ဆောင် ဘရက်ဒ်လေကူးပါးနှင့် ရိုက်ကူးရန် စီစဉ်ထားပြီး Dream Worksနှင့် Wanner Bros စတူဒီယိုတို့ ပူးတွဲထုတ်လုပ်မည့် အဆိုပါ ဇာတ်ကားအတွက် ဇာတ်ညွှန်းကို ဂျေဆန်ဟောလ်က ရေးသားမည် ဖြစ်သည်။ ယင်းရုပ်ရှင် ဇာတ်ကားရိုက်ကူးမှုကို ၂၀၁၄ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ရိုက်ကူးရန် စပီးဘာဂ်က မျှော်မှန်းထားကြောင်း Dream Works၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု သိရသည်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
