MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Gadgets · 2020-09-08

Apacer အကြောင်း တစေ့တစောင်း

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.

Apacer ဟာ ထိုင်ဝမ်အခြေစိုက် ကော်ပိုရေးရှင်းဖြစ်ပြီး အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ memory နဲ့ ဒစ်ဂျစ်တယ် flash drive ပစ္စည်းတွေေ ဒီဇိုင်းဆွဲပြီး ရောင်းချပါတယ်။

၁၉၉၇ ခုနှစ်မှာ DRAM module supplier အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ Apacer Technology ထုတ်ကုန်တွေကို တိုးချဲ့ခဲ့ရာ flash နဲ့ USB ပစ္စည်းတွေ ဦးစားပေးလာခဲ့ပါတယ်။

၂ ဝဝ ၂ ခုနှစ်မှာ Apacer Technology ဟာ သူ့ရဲ့ Firmware R & D (သုတေသနဲ့ဖွံ့ဖြိုးရေးအဖွဲ့) ကိုတည်ထောင်ခဲ့ပြီး digital storage creator အဖြစ် ပြောင်းလဲခဲ့ပါတယ်။

Apacer ဟာ ကမ္ဘာ့ပထမဆုံးထုတ်ကုန် (ဒါမှမဟုတ်) ရှိပြီးသားထုတ်ကုန်တချို့ရဲ့ ထူးခြားတဲ့လုပ်ဆောင်ချက်တွေ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ (၂.၅) လက်မပဲရှိတဲ့ SATA RAID Flash Drive (SRFD) ကို ကမ္ဘာ့ပထမဦးဆုံး မိတ်ဆက်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ တီထွင်သူ Diskeeper Corporation ကနေ HyperFast နည်းပညာဖြင့်ကမ္ဘာ့ပထမဆုံး Solid State Drive (SSD) အကောင်းဆုံးဖြစ်တဲ့ SSD + Optimizer ကို မိတ်ဆက်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ Apacer သည် ကမ္ဘာ့ပထမဦးဆုံး dual-SSD solutions တွေဖြစ်တဲ့ CSFD, SRFD, SHFD နဲ့ SUFD ကို မိတ်ဆက်ခဲ့ပါတယ်။

၂၀၁၅ မှာ ကမ္ဘာ့ပထမဦးဆုံး dual interface SSD AS720 ကို မိတ်ဆက်ခဲ့ပါတယ်။

SSDs နှင့် DRAM အပါအဝင်
Memory Card, USB Flash Drive, Portable Hard Drive, SSD, Power Bank, Cable & Adapter၊ Hub နဲ့ Card Reader စတဲ့ ပစ္စည်းမျိုးစုံကို နိုင်ငံတကာဈေးကွက်ထဲ ဆက်တိုက်တင်ပို့ရောင်းချခဲ့ပါတယ်။

ရုံးချုပ်ကို ထိုင်ဝမ်မှာ ထားရှိပြီး တရုတ်ပြည်မကြီး၊ အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့မှာ ရုံးအသီးသီးဖွင့်လှစ်ထားပါတယ်။

Appacer ထုတ်ကုန်အမျိုးမျိုးကို ICT.com.mm မှာ အခုပဲ လေ့လာဝယ်ယူကြည့်လိုက်ပါ။

https://www.ict.com.mm/brand/apacer/


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive