Articles · 2013-07-17
ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ရုံးချုပ် အဆောက်အဦတွင် ခမ်းနားကြီးကျယ်သော Shopping Mall အသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်း
By Team ICT.com.mm
Archived article. This text reflects its original publication date; products, links and information may have changed.

ဝါရှင်တန်မြို ့ အခြေစိုက် မိုက်ခရိုဆော့ဖ် ရုံးချုပ်တွင် Shopping Mallကြီးတစ်ခုအား ဇူလိုင် ၁၆ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။ ၂၀၀၉ခုနှစ်မှစ၍ဖွင့်လှစ်ရန် စီစဉ်ခဲ့သော အဆိုပါ အဆောက်အဦသည် မိုက်ခရိုဆော့ဖ် ရုံးချုပ်အနောက်ဖက်၊ Xbox ကုမ္ပဏီ အနီးတွင်ရှိသည်။
ခရီးသွား လေ့လာသူများအနေဖြင့် မိုက်ခရိုဆော့ဖ်၏ Shopping Mall အတွင်းသို့ အချိန်အနည်းငယ်ပေး၍ လည်ပတ် လေ့လာသင့်သည်။ အကယ်၍ သင်သည် ဘဏ်ကိစ္စနှင့် ဈေး၀ယ်ထွက်ခြင်း အပါအ၀င် အခြားကိစ္စများပါ လုပ်ဆောင်မည်ဆိုပါက အဆိုပါနေရာသည် သင့်အတွက် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု သိရသည်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
