“Change Management” Seminar
By Team ICT.com.mm

မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော အခြေအနေပေါ်မူတည်ပြီး ကောင်းမွန်သော ပြောင်းလဲမှုကို လက်ခံနိုင်စေရန် အတွက်ရည်ရွယ်ပြီး Myanmar Com Biz မြန်မာစီးပွားဆက်လုပ်ငန်းမှ ကြီးမှူးကျင်းပသည့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ “Change Management” ခေါင်းစဉ်ဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၆ရက် (စနေနေ့) မွန်းလွဲ ၁၂း၃၀ နာရီတွင် ဟောပြောမည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်း အမှတ် (၂၉) ရှိ UMFCCI Office Tower ပထမထပ်ခန်းမကြီးတွင် ကျင်းပမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ လူကြီးမင်းများ အနေဖြင့် ထိုင်ခုံနေရာ ကန့်သတ်ထားရှိပါသဖြင့် တယ်လီဖုန်းအမှတ် ဝ၉ ၈၆၃၃၃၀ဝ သို့ အမြန် စာရင်းပေးသွင်း တက်ရောက်နိုင်ပါကြောင်း အသိပေးဖိတ်ကြားအပ်ပါသည်။
ဟောပြောမည့် ပုဂ္ဂိုလ် – ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
ကျင်းပမည့်နေ့ရက် – ၂၀၁၄ ဇူလိုင်လ ၂၆ရက် စနေနေ့
ကျင်းပမည့်အချိန် – မွန်းလွဲ ၁၂:၃၀ နာရီမှ ၃ နာရီ
ကျင်းပမည့်နေရာ – UMFCCI (Mingalar Hall)
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
