MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2015-01-19

တရုတ်အစိုးရက start-up လုပ်ငန်းတွေအတွက် ဘီလီယံ ၆.၅ ထောက်ပံ့

By Kaung Sint Aung

Archived article. This text reflects its original publication date; products, links and information may have changed.
တရုတ်အစိုးရက start-up လုပ်ငန်းတွေအတွက် ဘီလီယံ ၆.၅ ထောက်ပံ့

တရုတ်မှာ အစိုးရက ရင်းနှီးမြှုပ်နှံဖို့အတွက် ရန်ပုံငွေ ယွမ်တန်ဖိုး ဘီလီယံ ၄၀ ကျော် (ဒေါ်လာတန်ဖိုး ဘီလီယံ ၆.၅)ကို ယခုလက်ရှိမှာ စတင်ပျိုးထောင်နေတဲ့ စက်မှုလုပ်ငန်းတွေကို ထောက်ပံ့ဖို့ စတင်လိုက်ပါတယ်။ အဲဒိထဲမှာ ယခုစတင်လုပ်နေတဲ့ အလုပ်တွေပါဝင်ပြီး နောက်ဆုံး ဆန်းသစ်မှုတွေ တီထွင်နေတဲ့ စက်မှုလုပ်ငန်းတွေထိ ပါဝင်ပါတယ်။ ဒီ ရင်းနှီးမြှုပ်နှံမှုရဲ့ စတင်မှုမှာ ပထမဆုံး စတင်ပျိုးထောင်နေတဲ့ စက်ရုံတွေအတွက် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်အောင် လမ်းညွှန်မှုတွေပါ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ နည်းပညာနဲ့ စျေးကွက်ထိရောက်အောင်သွားဖို့အတွက် ပထမ ခြေလှမ်းလည်း ဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှုတွေ နဲ့ ထုတ်ကုန်ပစ္စည်း ပြုလုပ်မှုတွေ လည်း ပါဝင်ပါတယ် လို့ တရုတ်ပြည်ရဲ့ ပြည်နယ်ကောင်စီ အစိုးရဝန်ကြီးအဖွဲ့က ဖော်ပြထားပါတယ်။ ဒီလိုမျိုး ထောက်ပံ့မှုတွေကနေ စတည်ခါစ စက်မှုလုပ်ငန်းတွေ အနေနဲ့ အနာဂါတ်မှာ ပိုမိုအားကောင်းစွာနဲ့ လည်ပတ်စေဖို့အတွက်လည်း ဖြစ်ပါတယ်။ နောက်ဆုံး တရုတ်ရဲ့ စီးပွားရေး တဖြည်းဖြည်း ရင့်သန်လာပြီး အလည်အလတ်ကနေ အမြင့်ဆုံးအထိရောက်အောင် သွားဖို့အတွက် ရည်ရွယ်ထားတာပါလို့ အစိုးရဝက်ဆိုက်ဒ်စာမျက်နှာ http://www.gov.cn မှာ ဖော်ပြထားပါတယ်။ ပြီးအစိုးရအနေနဲ့ နည်းပညာကုမ္ပဏီတွေကို အလားတူ ထောက်ပံ့မှုတွေ ပေးသွားမှာ ဖြစ်ပြီး အစိမ်းရောင် အန်နဂျီထုတ်လုပ်ဖို့အတွက် ရည်ရွယ်ပါတယ်လို့ ထပ်လောင်းဖော်ပြ ထားပါတယ်။

တရုတ်အစိုးရဟာ ဒီထုတ်ပြန်ချက်ကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးပွဲမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ လေ့လာကြည့်မိသလောက်တော့ အချိန်ဇယားမဆွဲထားပါဘူး ဒါပေမယ့် ယခင်လုပ်ထုံးလုပ်နည်းတွေ အရတော့ ဒီလိုမျိုး ရန်ပုံငွေတွေ ထောက်ပံ့ဖို့ ကြေညာပြီး တစ်ပါတ်ကြာရင် စတင်ပြီး လုပ်ဆောင်ပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စျေးကွက်ဟာ လက်ရှိအတိုင်းအတာတော့ သေးပါသေးတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီလိုမျိုး ထောက်ပံ့မှုဟာ စျေးကွက်ပမာဏကို ချဲ့ကားဖို့အတွက်လည်းရည်ရွယ်ချက် ပါလောက်ပါတယ်။ ၂၀၁၄ နှစ်လယ်လောက်တုန်းက ရန်ပုံငွေ ၈၃ ခုလောက်က တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စျေးကွက်ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဆက်လက် ကျန်ရှိနေသေးတဲ့ ၆.၇၆ ဘီလီယံ ဒေါ်လာကိုလည်း အခုတစ်ခါထပ်ပြီးတော့ ထောက်ပံ့တာဖြစ်တဲ့အတွက် မှန်းဆကြည့်မယ်ဆိုရင် ရှိသမျှ ရန်ပုံငွေ အကုန်လုံးကို ထောက်ပံ့တာဟာ တရုတ်ဟာ စည်းပွားရေးအင်အားကြီးထွားလာဖို့ အရမ်းကို ကြိုးစားနေတယ်ဆိုတာ သိသာပါတယ်။ ဒီအတောအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ၅၁၇ ခုကျော်လောက် စျေးကွက်မှာ ရှိခဲ့ပါတယ်။ အားလုံးပေါင်းတန်ဖိုးကို တွက်ကြည့်မယ်ဆိုရင် ဘီလီယံ ဒေါ်လာ ၅.၃ လောက်ရှိပါတယ်။ လွန်ခဲ့တဲ့ လလောက်က အာမခံလုပ်ငန်းလုပ်ကိုင်တွေ ကုမ္ပဏီတွေ အများကြီး ရင်းနှီးမြှုပ်နှံကြပါတယ်။ ပထမဆုံးအနေနဲ့ အစိုးရရဲ့ ထောက်ပံ့မှုတွေ အပြီး အကြီးမားဆုံး ရင်းနှီးမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive