MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2014-01-29

CVT Myanmar သင်တန်းကျောင်းမှ အခမဲ့သင်ကြားပေးမည့် လျှပ်စစ်ကျွမ်းကျင်မှုအတတ်ပညာသင်တန်း

By Ma Naw Phyu Lay

Archived article. This text reflects its original publication date; products, links and information may have changed.
CVT Myanmar သင်တန်းကျောင်းမှ အခမဲ့သင်ကြားပေးမည့် လျှပ်စစ်ကျွမ်းကျင်မှုအတတ်ပညာသင်တန်း

၂၀ဝ၃ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့သော CVT Myanmar သင်တန်းကျောင်း၏ သင်တန်း ၅ ခုတွင် တစ်ခုအပါအဝင် ဖြစ်သော လျှပ်စစ်ကျွမ်းကျင်မှုအတတ်ပညာသင်တန်း (Electrician Profession) ကို ၂၀ဝ၅ ခုနှစ် မေလမှ စတင်၍ EL 1 ဟု ခေါ်ဆိုကာ ကျောင်းသားဦးရေ ၂၅ ယောက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုအခါ EL 9 အထိ ဖွင့်လှစ်လျက်ရှိပြီး၊ ၉ နှစ်တာ သက်တမ်းရှိ၍ ကျောင်းသားဦးရေ (၉၀) ခန့်ဖြင့် သင်ကြားလျက်ရှိပါသည်။ CVT Myanmar သည် INGO တစ်ခုဖြစ်ပြီး သင်တန်းစရိတ်ကုန်ကျခံစရာ မလိုအပ်ဘဲ၊ အရည်အသွေးမြင့်မားသော ပညာရေးပေးနေသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ လျှပ်စစ်လုပ်ငန်းနယ်ပယ်များမှ လူငယ်များကို ကျွမ်းကျင်သော လျှပ်စစ်လုပ်သားများ ဖြစ်လာစေရန် ရည်ရွယ်၍ ဆွစ်ဇာလန်နိုင်ငံမှ အလှူရှင်များ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ သင်ခန်းစာများကို ပြည်တွင်းရှိ ဆရာ၊ ဆရာမများက သင်ကြားပေးပါသည်။ ထို့အပြင် EL Profession အတွက် ဆွစ်ဇာလန်မှ ကျောင်းဆရာ (၄) ဦးမှ သက်ဆိုင်ရာ လျှပ်စစ်ဘာသာရပ်များ၏ Expert Teacher များအဖြစ် နှစ်စဉ် CVT သို့ လာရောက်၍ သင်တန်းပေးလျက် ရှိပါသည်။ နှစ်စဉ်နှစ်တိုင်း CVT Myanmr မှ ဆရာ၊ ဆရာမများကို ဆွစ်ဇာလန်ဆရာအတတ်ပညာ သင်တန်းမှ Dr.Martin နှင့် Dr. Hans Furrer တို့က Competency based performance များ ရရှိစေရန် သင်ကြားပုံနည်းစနစ်များကို Teacher Training အဖြစ် လာရောက်သင်ကြားပေးလျက်ရှိပါသည်။

Electrician သင်တန်းကို (၁) လုပ်ငန်းခွင် (၂) စာတွေ့ဆိုင်ရာ ပညာရပ်များကို CVT တွင် သင်ကြားခြင်းနှင့် (၃) လက်တွေ့သင်ကြား မှုဟူသော မဏ္ဍိုင်သုံးရပ်ပေါ်တွင် အခြေခံထားပါသည်။ (၁) လုပ်ငန်းခွင် – သင်တန်းသားသည် လုပ်ငန်းခွင်တွင် တစ်ပတ်လျှင် ၄ ရက် (သို့) ၅ ရက် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်နေရပါမည်။ (၂) စာတွေ့ပညာရပ်ကို တစ်ပတ်လျှင် တစ်ရက်ဖြင့် CVT တွင် သင်ကြားရမည်ဖြစ်ပြီး (၃) လက်တွေ့သင်ကြားမှုကို တစ်နှစ်လျှင် နှစ်ပတ်နှုန်းဖြင့် လေ့လာကြရမည် ဖြစ်ပြီး သင်တန်းကာလမှာ (၃) နှစ်ကြာမည် ဖြစ်ပါသည်။

စာတွေ့အနေဖြင့် Electro Techniques, Material Knowledge, Electro Technical Drawing, Norms & Standards, Engineering Physics, Chemistry and Mathematics စသည့် လျှပ်စစ်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားရမည့်အပြင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ စသော အထောက်အကူပြု ဘာသာရပ်များကိုလည်း လေ့လာကြရပါမည်။ သင်တန်းသုံးနှစ်တာ ကာလပြီးဆုံးသောအခါ စာတွေ့နှင့် လက်တွေ့စာမေးပွဲများကို ဖြေဆိုကြရပါမည်။ စစ်ဆေးမှုများကို အောင်မြင်စွာ ဖြေဆိုပြီးလျှင် သင်တန်းသားများသည် Professional Certificate လက်မှတ်ရရှိပြီး အငယ်တန်း အတတ်ပညာရှင် (Junior Professional) များအဖြစ် အသက်မွေးနိုင်ပါသည်။ Electrician Profession ၏ Professional Certificate သည် ဆွစ်ဇာလန်နိုင်ငံ၏ အစိုးရ လျှပ်စစ်သင်တန်းကျောင်းဖြစ်သော VKSE (Verband Kantonal-solothumischer Elektroinstallateure www.vkse.ch) မှ အသိအမှတ် ပြုထားပြီး မြန်မာနိုင်ငံ အစိုးရ၏ NSSA Diploma Certificate (National Skill Standard Authority) အဖြစ် ရရှိရန် လျှောက်ထားပြီးဖြစ်ပါသည်။ ယခုအခါ ၂၀၁၄ – ၁၅ ပညာသင်နှစ်အတွက် သင်တန်းသားလျှောက်လွှာများကို အခမဲ့ရယူနိုင်ပြီး ၂၀၁၄ မေလတွင် EL 10 သင်တန်းကို စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ သင်တန်းတက်စဉ်ကာလအတွင်း မည်သည့်ငွေကြေးမျှ ကောက်ခံခြင်း မပြုပါ။ သင်တန်းနှင့် ပတ်သက်သော သိကောင်းစရာများကို အမှတ်(၄၂)၊ သုံးလွှာ၊ မြန်မာနိုင်ငံကြက်ခြေနီရုံး၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၌ ( ၂၂ ) ရက်၊ ဖေဖော်ဝါရီ လ၊ ၂၀၁၄ ခုနှစ်၊ မနက် ၁၀နာရီတွင် ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ဝ၁- ၃၈၃၆၇၆ နှင့် ဝ၉- ၇၃၁၆၆၂၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive