ဆိုက်ဘာ လုံခြုံမူအတွက် ကန်နှင့် ဂျပန် ညှိနှိုင်း
By TZO

အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့သည် ဆိုက်ဘာ တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ ကာကွယ်တိုးမြှင့်ရေး ဆွေးနွေးသွားကြလိမ့်မယ်ဟု သိရသည်။ ၁၅နှစ် ကြာခဲ့ပြီ ဖြစ်သော နှစ်နိုင်ငံ လုံခြုံရေး မဟာမိတ် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကိုလည်း ပြန်လည် သုံးသပ် ကြမည်ဟု ဆိုသည်။
တိုကျိုသည် ကမ္ဘာ့ဇာတ်ခုံတွင် အများဂရုမူရန် ပြန်လည် လုပ်ဆောင်လာခဲ့ပြီး ဝန်ကြီးချုပ် အာဘေးကလည်း စစ်ရေးရပ်တည်ချက်ကို ယုံကြည်မှု ရှိရန် တောင်းဆိုနေခဲ့သည်ဟု သိရသည်။ ကမ္ဘာ့ လုံခြုံရေးနှင့် ပတ်သက်လျင် ဂျပန်နိုင်ငံသည် အားနည်းသော ကွင်းဆက်တစ်ခု မဟုတ်တော့ကြောင်း ပြီးခဲ့သော မတ်လက Hudsonအင်စတီကျုတွင် ပြောသွားခဲ့သည်။ အမေရိကန်သည် တရုတ်နိုင်ငံမှ ခြေရာခံသည်ဟု ဆိုသော ဆိုက်ဘာ တိုက်ခိုက်မှုများအတွက် စိုးရိမ်မှုများ ရှိနေသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ကာကွယ်ရေး ဝန်ကြီး ချပ်ဟေဂယ်ဟ် ရာထူးတူ Itsunori Onoderaနှင့် Fumio Kishida တို့သည် ၄င်းတို့နှင့် ကြာသာပတေးနေ့တွင် ဆွေးနွေးကြမည် ဖြစ်ပြီး ထိုတွေ့ဆုံပွဲကို( ၂+၂) ဟု အမည်ပေးထားကြောင်း သိရသည်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
