MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Education · 2014-09-08

“Developing POS and Accounting System” သင်တန်းဖွင့်လှစ်မည်

By Ma Naw Phyu Lay

Archived article. This text reflects its original publication date; products, links and information may have changed.
“Developing POS and Accounting System” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Developing POS and Accounting System သင်တန်းတစ်ခုကို အောက်တိုဘာလ (၁) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ Business Application Software Developer များ၊ နည်းပညာလုပ်ငန်းရှင်များ၊ Software Development နည်းပညာရပ်များကို စိတ်ပါဝင်စားသူများအတွက် ရည်ရွယ်၍ Developing POS and Accounting System သင်တန်းအား ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

အရောင်းအဝယ်နှင့် ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများတွင် မရှိမဖြစ် အသုံးတွင်ကျယ်လာမည့် POS and Accounting System တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တီထွင်ထုတ်လုပ် ဖန်တီးရောင်းချနိုင်သည်အထိ လက်တွေ့ပြုလုပ် သင်ကြားရမည် ဖြစ်ပါသည်။

POS System များ၊ Accounting System များတွင် ပါဝင်သော Modules များနှင့် Features များအကြောင်း အစုံအလင်ကို သိရှိနားလည်ပြီး၊ အသုံးပြုသူ Customer များအတွက် ရိုးရှင်းလွယ်ကူ၍ ထိရောက်လျင်မြန်သော POS & Accounting Software များကို ရေးသားနိုင်သည်အထိ အခြေခံအဆင့် Basic Level မှစ၍ Professional Level လုပ်ငန်းခွင် ဝင်နိုင်သည့်အဆင့်၊ ကိုယ်ပိုင် Application များ ထုတ်လုပ်ရောင်းချနိုင်သည့်အဆင့် အထိရောက်အောင် အထူးလေ့ကျင့် သင်ကြားပေးသွားမည့် သင်တန်းဖြစ်ပါသည်။

ရေးသားရာတွင် အသုံးပြုမည့် Programming Language မှာ C#.Net ဖြစ်ပြီး Database အနေဖြင့် Microsoft SQL Server ကို အသုံးပြုသွားမည်ဖြစ်၍ သင်တန်းတက်ခြင်းအားဖြင့်

1. C#.Net (Programming Skill)

2. Microsoft SQL Server (Database Skill)

3. POS & Accounting Knowledge (Domain Knowledge)

4. Software Development Skill + Business Logic

အစရှိသည့် အချက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားနိုင်မည် ဖြစ်ပါသည်။

သင်တန်းကာလ – အောက်တိုဘာလ (၁) ရက် မှ ဒီဇင်ဘာလ (၂၆) ရက်အထိ

သင်တန်းအချိန် – ညနေ ၅း၃၀ မှ ၇း၃၀ နာရီ (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ)

သင်တန်းကြေး – ၂၀ဝ,ဝ၀ဝ (နှစ်သိန်းကျပ်)

MCPA Member(၅၀%) – ၁၀ဝ,ဝ၀ဝ (တစ်သိန်းကျပ်)

သင်တန်းသားဦးရေ – (၁၅) ဦး

သင်တန်းနေရာ – အဆောင် (၉)၊ မြေညီထပ်၊ MCPA Lab Room၊ လှိုင်မြို့နယ်၊

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်တိုဘာလ (၁) ရက်နေ့ နေ့လည် (၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် ဝ၁-၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
မှတ်ချက်၊ အတန်းတက်ချိန် ၇၅% မပြည့်မှီပါက သင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ…


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive