ဒစ်ဂျစ်တယ် လက်မှတ်
By APT

အွန်လိုင်းပေါ်မှာ သတင်း၊ ဓာတ်ပုံ၊ အီးမေးလ်နဲ့ ဘလော့ခ်တွေ တင်တဲ့အခါ မိမိရဲ့ လက်ရေးမူရင်း လက်မှတ်ကို ဒစ်ဂျစ်တယ် လက်မှတ် အသွင်နဲ့ပြောင်းကာ ထည့်သွင်းပေးနိုင်မယ့် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ Register ပြုလုပ်ရန်ပင် မလိုဘဲ မိမိပြုလုပ်ထားတဲ့ ဒစ်ဂျစ်တယ် လက်မှတ်တွေကို တစ်နေရာတည်းမှာ သိမ်းဆည်းပေးထား နိုင်ပါတယ်။ ဒီဂျစ်တယ်လက်မှတ် ပြုလုပ်သူတွေအနေနဲ့ Image အဖြစ် အခမဲ့ ပြုလုပ် ရယူနိုင်မှာဖြစ်ပြီး သက်၀င်လှုပ်ရှားမှု Animated Image အဖြစ် ဖန်တီး ရယူချင်ရင်တော့ ငွေပေးချေရမှာ ဖြစ်ပါတယ်။ ပြုလုပ်လိုသူတွေ အနေနဲ့ Start Now ကိုနှိပ်ပြီး Signature Creation Wizardမှာ နာမည်ထည့်၊ လိုချင်တဲ့ ပုံသဏ္႑ာန်၊ စာလုံး အရွယ်အစား၊ ကာလာနဲ့ Slope ရွေး၊ပြီးရင် ပေးထားတဲ့ ID နံပါတ်ကို ကူးယူကာ အသုံးပြုနိုင်ပါပြီ။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
