MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Education · 2014-09-18

Diploma in Information Technology (IT) Course

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.
Diploma in Information Technology (IT) Course

အဆင့်မြင့် ကွန်ပျူတာ ဒီပလိုမာတစ်ခုကို အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ရပ်ဖြင့် လက်ဝယ်ပိုင်ဆိုင်လိုပါသလား။
မြန်မာနိုင်ငံတွင် သင်ကြားမှုစရိတ် သက်သာစွာဖြင့် အချိန်တိုကာလအတွင်း အဆင့်မြင့် ကွန်ပျူတာ ဒီပလိုမာ ရယူလိုသူများအတွက် Diploma in Information Technology (IT) သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိပါသည်။
ခေတ်မီတိုးတက်လာသည့်နှင့်အမျှ ခေတ်စနစ်နှင့် ရင်ပေါင်တန်းနိုင်အောင်လည်း အသိပညာ အတတ်ပညာများ တတ်ကျွမ်းထားရန် လိုအပ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် KMD Computer Centre တို့ပူးပေါင်း၍ Diploma in Information Technology(IT) သင်တန်းကို ဖွင့်လှစ်လျက်ရှိပါသည်။

၂၁ ရာစု Knowledge Society အတွက် သိရှိတတ်ကျွမ်းရန် လိုအပ်သည့် ITနှင့် Internet နည်းပညာများကို စုစည်းပြီး လက်တွေ့ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ သင်ကြားသော Diploma သင်တန်းလည်းဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် ဘာသာရပ် စုစုပေါင်း ရှစ်ခုပါဝင်ပြီး သင်တန်းကာလမှာ ကိုးလ ကြာမြင့်မည် ဖြစ်ပါသည်။

Diploma in IT သင်တန်းသည် တက္ကသိုလ်ဝင်တန်း ဖြေဆို/ အောင်မြင်ပြီးသူများ၊ အစိုးရရုံး လုပ်ငန်းလုပ်ကိုင် နေသူများ၊ IT ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့်သူများ တက်ရောက်ရန် အသင့်တော်ဆုံး အဆင့်မြင့် IT Diploma သင်တန်းဖြစ်ပါသည်။

ကျောင်းသားတစ်ဦးလျှင် ကွန်ပျုတာ တစ်လုံးနှုန်းဖြင့် ငါးရက်သင်တန်း(တနင်္လာမှ သောကြာ) အတွက် တစ်နေ့လျှင်စာတွေ့ တစ်နာရီခွဲနှင့် လက်တွေ့တစ်နာရီခွဲ (သို့မဟုတ်) စနေ၊ တနင်္ဂနွေ နှစ်ရက်သင်တန်းအတွက် စာတွေ့လေးနာရီ၊ လက်တွေ့လေးနာရီ သင်ယူရမည်ဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် အုပ်စုတစ်စုချင်းစီအလိုက် Web Site ရေးသားခြင်းများ ပြုလုပ်ရပြီး လက်တွေ့ရှင်းလင်း ပြသရခြင်း၊ Application software များရေးသားခြင်းတို့ ပြုလုပ်ရပြီး၊ ရေးဖြေစာမေးပွဲများနှင့် လက်တွေ့ Project များ ဖြေဆိုအောင်မြင်ပြီးပါက Diploma ပေးအပ်ပွဲကို ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ချီးမြှင့် ပေးမည်ဖြစ်ပါသည်။

Diploma in IT သင်တန်းပြီးဆုံးလျှင် တစ်နှစ်သင်တန်း UK Diploma ဖြစ်သော Second Year_Level 5 Diploma in Computing (L5DC) တက်ရောက်နိုင်ပါသည်။ Greenwich Degree ဖြစ်သော B.Sc(Hons)Business Information Technology(BIT) အထိကို ဆက်လက်တက်ရောက်နိုင်ပါသည်။
Diploma in IT သင်တန်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်တွင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
အသေးစိတ် အချက်အလက်များကို အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်၊ (KMD Computer Centre ရုံးခန်း) ဗိုလ်တထောင်ဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ် သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်း။ ။ KMD ဝ၁-၂၉၁-၉၂၅ ၊ ဝ၉-၄၅၀၄-၅၅၂၃၃၊ ၀၁-၃၈၁-၀၃၅ ၊ ၀၁-၃၀၁-၂၈၆၊ ၀၁-၃၉၁-၂၈၇။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive