MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2013-09-17

Facebookမှာ ဓာတ်ပုံ သန်းပေါင်း နှစ်သိန်းခွဲလောက် ရှိနေပြီ

By Kan Gyi

Archived article. This text reflects its original publication date; products, links and information may have changed.
Facebookမှာ ဓာတ်ပုံ သန်းပေါင်း နှစ်သိန်းခွဲလောက် ရှိနေပြီ

အခုဆိုရင် ကမ္ဘာမှာ လူသုံးအများဆုံး ကမ္ဘာကျော် လူမှုကွန်ရက်ဖြစ်တဲ့ Facebookအနေနဲ့ သုံးစွဲသူတွေရဲ့ ဓာတ်ပုံ သန်းပေါင်း နှစ်သိန်းခွဲခန့် ရှိနေပြီလို့ သိရပါတယ်။ အဆိုပါ သတင်းဟာ Facebookအနေနဲ့ ၎င်းတို့ရဲ့ Internet.orgစီမံကိန်း အကြောင်း ထုတ်ပြန်တဲ့ ကြေညာချက် တစ်ခုမှာ ပါ၀င်ခဲ့ခြင်း ဖြစ်ပြီး Facebook Photo Libraryရဲ့ သိုလှောင်နိုင်မှုကိုလည်း လှစ်ဟပြသ လိုက်ခြင်းဖြစ်ပါတယ်။ Facebookသုံးစွဲသူတွေဟာ ၎င်းတို့ရဲ့ ပုံတွေကို အရေအတွက် သန်းပေါင်း နှစ်သိန်းခွဲခန့် တင်ခဲ့ရုံသာမက လက်ရှိမှာလည်း ပျမ်းမျှတစ်ရက်ကို ဓာတ်ပုံ သန်းပေါင်း ၃၅၀လောက် တင်နေကြတယ်လို့ Facebookရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တစ်ဆက်တည်းမှာပဲ နှိုင်းယှဉ်ပြရမယ် ဆိုရင် Flickrဆိုတဲ့ လူမှုကွန်ရက် Siteမှာ သုံးစွဲသူတွေက နေ့စဉ်ဓာတ်ပုံ ၃.၅သန်းလောက် တင်နေကြပြီး စုစုပေါင်းအနေနဲ့ Flickrမှာ ဓာတ်ပုံပေါင်း သန်းရှစ်ထောင်ခန့် ရှိနေပါတယ်။

ဓာတ်ပုံတွေ များများတင်ခြင်းဟာ လူမှုကွန်ရက်တစ်ခုမှာ Trafficဖြစ်စေတဲ့ အဓိကအကြောင်းရင်းတော့ မဟုတ်ပါဘူး။ Facebook Userတွေဟာ တစ်ရက်ကို Content Itemသန်း ၅၀၀၀နီးပါး Shareလုပ်ကြတယ် လို့လည်း သိရပါတယ်။ အဆိုပါ အရေအတွက်ဟာ Post, Comment, Video, Photosနဲ့ Status Updateစတာတွေ အကုန်ပါ၀င် ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေရဲ့ Likeလုပ်မှု ကတော့ တစ်ရက်ကို သန်းပေါင်း ၄၅၀၀လောက် ရှိနေပြီး Messageပို့မှုကတော့ တစ်ရက်လျှင် သန်းပေါင်း တစ်သောင်းလောက် ရှိနေတယ်လို့ သိရပါတယ်။

Facebookပေါ်ကာစ ၂၀၁၁ခုနှစ် နှစ်လယ်ပိုင်းတုန်းကတော့ Facebookမှာ ဓာတ်ပုံသန်းပေါင်း တစ်သိန်းလောက်သာ ရှိခဲ့ပါတယ်။ အခုအခါမှာတော့ တစ်ရက်ကို ဓာတ်ပုံပျမ်းမျှ ၃.၅သန်းလောက် တင်နေကြပြီး နာရီ၊ မိနစ်၊ စက္ကန့်အလိုက် ဓာတ်ပုံတင်တဲ့နှုန်းကို မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ Facebook Userတွေဟာ…

တစ်နာရီလျှင် ဓာတ်ပုံ ၁၅သန်းခန့် တင်နေကြပါတယ်။

တစ်မိနစ်လျှင် ဓာတ်ပုံ နှစ်သိန်း၊ လေးသောင်း၊ သုံးထောင်ခန့် တင်နေကြပြီးတော့

တစ်စက္ကန့်ကိုတော့ ပုံပေါင်း ၄၀၀၀လောက် တင်နေကြပါသတဲ့။

လက်ရှိမှာတော့ လူမှုကွန်ရက် Facebookကို အသုံးပြုတဲ့လူ သန်းတစ်ထောင်ကျော် ရှိနေပြီး ပြီးခဲ့တဲ့ လတုန်းကလည်း Shared Photo Albumsဆိုတဲ့ Userတွေ အများကြီး Albumတစ်ခုတည်းမှာ ဓာတ်ပုံတွေ စုပေါင်းထားနိုင်မယ့် Featureအသစ် တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ သင်ရော Facebookသုံးပြီး ဓာတ်ပုံတွေ ဘယ်လောက် တင်ပြီးပြီလဲ?


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive