Review · 2014-09-11
Appleက iPod Classicထုတ်ကုန်အား ရပ်နား
By Thu Ya
Archived article. This text reflects its original publication date; products, links and information may have changed.

ကျွန်တော်တို့အားလုံးကြိုသိနေပေမယ့် အဲဒီနေ့ဟာ ကျရောက်လာပါပြီ။ Appleက iPod Classicကို ရပ်နားလိုက်တာပါ။
Appleရဲ့ Music Playerကို Apple Websiteကနေ ဖယ်ရှားလိုက်ပြီးပါပြီ။ ပြီးတော့ iPod Classicကို ဆက်လက်ထုတ်လုပ်မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါပြီ။ အဆိုပါ ရပ်နားမှုဟာ ထိတွေ့မျက်နှာပြင်တွေ ခေတ်မစားမီ အလွန်အောင်မြင်ခဲ့တဲ့ ဘီးပုံသဏ္ဍာန် Interfaceကို အဆုံးသတ်လိုက်တာလို့ ပြောလိုက်တာပါပဲ။
iPod Classicရေ နှုတ်ဆက်လိုက်ပါပြီ။ မင်းဟာ မေးစရာမလိုအောင် အကောင်းဆုံး Portable Music Player တွေထဲက တစ်ခုပါပဲ။ မင်းရဲ့ သူမတူတဲ့ ၀န်ဆောင်မှုတွေကို အမှတ်ရနေမှာပါ။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
