MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2015-10-01

Google မှ Nexus 6P ကို စတင် ကြော်ငြာခဲ့

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.
Google မှ Nexus 6P ကို စတင် ကြော်ငြာခဲ့

Google ရဲ့ အကြီးဆုံး စမတ်ဖုန်းက အခုဆို အနည်းငယ်ပြန်သေးသွားပါပြီ။ စက်တင်ဘာ ၂၉ ရက်က San Francisco မြို့တော်မှာ Google ဟာ Nexus 6P အမည်ရ စမတ်ဖုန်းသစ်ကို စတင်ကြော်ငြာခဲ့ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၅.၇ လက်မရှိပြီး ၇.၃ mm သာ ထူတယ်လို့ သိရတဲ့အတွက် iPhone 6 Plus သာသာလောက်သာရှိပါတော့မယ်။ မျက်နှာပြင်ကို WQHD AMOLED အသုံးပြုထားတယ်လို့ ကုမ္ပဏီကဆိုပါတယ်။ ပွဲအတွင်းမှာ Google ကနေ Nexus 5X ကို ပူးတွဲ ကြော်ငြာခဲ့ပေမယ့် ကင်မရာပိုင်းအလွန်ထူးခြားတဲ့ Nexus 6P အကြောင်းကိုပဲ ဆက်လိုက်ရအောင်။

Nexus 6P ရဲ့ နောက်ကင်မရာဟာ 12.3 mega pixel သာရှိပေမယ့် sensor ကို Sony ရဲ့ sensor အသုံးပြုထားပြီး iPhone အပါအဝင်အခြားဖုန်းတွေထက် pixel အရေအတွက် ပိုမိုကြီးမားတယ်လို့ဆိုပါတယ်။ ဒါကြောင့် Nexus 6P နဲ့ အလင်းရောင်းနည်းတဲ့အချိန်မှာတောင် ဓါတ်ပုံကောင်းကောငး်ရိုက်နိုင်မယ်လို့ Google ကဆိုပါတယ်။ ဖုန်းရဲ့ ကင်မရာကို indoor အတွက် အထူးပြုလုပ်ထားပြီး slow-motion video၊ 4K video၊ burst mode တွေပါဝင်ပြီး ရှေ့ကင်မရာက 8 megapixel ရှိပါတယ်။

ဒါ့အပြင်နောက်ထပ်ထူးခြားတာက charging လုပ်ရာမှာ USB Type-C ကို အသုံးပြုထားခြင်းပါပဲ။ အဓိပ္ပါယ်ကတော့ သူ့ရဲ့ USB ကြိုးက ပြောင်းပြန်၊ အတည့်ဆိုတာမရှိတော့ပဲ ကြိုက်သလိုထည့်လို့ ရသွားတာပဲဖြစ်ပါတယ်။ charging လုပ်ရာမှာလည်း iPhone 6 Plus လိုမြန်စေမယ့် fast charging လုပ်ဆောင်မှုကို ထည့်သွင်းထားသလို့ ဘက်ထရီသက်တမ်းကလည်း စွဲမက်ဖွယ် 3450mAh ရှိပါတယ်တဲ့။

Nexus 6P ရဲ့ processor ဟာ Snapdragon 810 ဖြစ်ပြီး 3GB RAM နဲ့ 32GB၊ 64 GB၊ 128 GB ဆိုပြီး အစားစားရှိပါလိ့မ်မယ်။ ဖုန်းကို အောက်တိုဘာနှောင်းပိုင်းမှာ စတင်ထုတ်လုပ်မှာဖြစ်ပြီး 32 GB ကို ၄၉၉ ဒေါ်လာ၊ 64 GB ကို ၅၄၉ ဒေါ်လာနဲ့ 128 GB ကို ၆၄၉ ဒေါ်လာကျသင့်သွားမယ်လို့ သိရပါတယ်။ အကယ်၍ ဖုန်းကို ၂ နှစ် အပျက်အစီးအာမခံထားချင်တယ်ဆိုရင်လည်း ၈၉ ဒေါ်လာ ထပ်ဆောင်းပေးပြီး ထားလို့ရပါသေးတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive