Googleက Inbox Emailsမှာ Snoozeခလုတ် ထည့်သွင်းပေး
By Thu Ya

ညစာစားနေတုန်း အီးမေး၀င်လာရင် ချက်ချင်းလက်ငင်း စာပြန်စရာမလိုတော့ပါဘူး။ Googleက Snoozeခလုတ် ထည့်သွင်း ပေးလိုက်လို့ ဖြစ်ပါတယ်။ Gmail Inbox Appမှာ အသစ်ပါရှိလာတာဖြစ်ပြီး အသုံးပြုသူတွေက Automatic Quick Settingsကနေ ဒါမှမဟုတ် Remindersတွေကနေ အီးမေးတွေကို Snoozeလုပ်နိုင်ပါပြီ။
Snoozeလုပ်တယ်ဆိုတာကတော့ အလုပ်ချိန်ပြင်ပမှာ အလုပ်က အီးမေးတွေ ၀င်မလာအောင် ပိတ်ထားတာလိုမျိုး ၊ အနားယူချိန်မှာ အ၀င် အီးမေးတွေကို ပိတ်ထားတာလိုမျိုး ဖြစ်ပါတယ်။ အနောက်နိုင်ငံ အချို့မှာ သူဌေးတွေ၊ အလုပ်ရှင်တွေ၊ အထက်အရာရှိတွေက အလုပ်ချိန်ပြင်ပမှာ ၀န်ထမ်းတွေကို အီးမေးပေးပို့ပြီး အလုပ်ခိုင်းစေတတ်ကြပါတယ်။ အဲဒီအတွက် အလုပ်ချိန်ပြင်ပမှာ အလုပ်က အီးမေးတွေ ၀င်လာရင် တုန့်ပြန်စရာမလိုတဲ့ ဥပဒေတွေကို ရေးဆွဲထားပြီးတဲ့ နိုင်ငံတွေ ရှိနေပြီလို့ စာဖတ်သူ သိရှိရပါတယ်။ Googleရဲ့ Snooze စွမ်းဆောင်ချက်က အလုပ်ချိန်ပြင်ပမှာ အလုပ်က အီးမေးတွေ ၀င်မလာအောင် အားဖြည့် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
Snoozeစွမ်းဆောင်ချက်က အ၀င်အီးမေးတွေကို နောက်တစ်ရက်၊ နောက်တစ်ပတ် စသဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ပိတ်ထားပေးနိုင်ပါတယ်။ ရီစရာကောင်းတာ တစ်ခုက Somedayလို့ ခေါ်တဲ့ တစ်နေ့နေ့ကျမှ အီးမေးအ၀င်လက်ခံတဲ့ ရွေးချယ်မှု ပါရှိလာတာ ဖြစ်ပါတယ်။ တစ်ပတ်နောက်ပိုင်းမှာ အ၀င်လက်ခံတာလို့ ယူဆရပါတယ်။
ဒါ့အပြင် တည်နေရာ အခြေပြုပြီး အ၀င် အီးမေးတွေကို ပိတ်ထားနိုင်တဲ့ Geo-Snoozeလည်းပါရှိပါတယ်။ အချိန် အကန့်အသတ်နဲ့ အီးမေးတွေကို ပိတ်တာ မဟုတ်ဘဲ နေရာဒေသတစ်ခုရောက်ရင် အီးမေးတွေကို ပိတ်ပေးတာ ဖြစ်ပါတယ်။
ပိတ်ထားတဲ့ အ၀င်အီးမေးတွေကို အလုပ်အားချိန်မှာ အချိန်မရွေး ဖတ်ရှုနိုင်ပါသေးတယ်။ Inboxကို ၂၀၁၅ ခုနှစ်မှာ ဖြန့်ချီမယ်လို့ သိရပါတယ်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
