MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Gadgets · 2014-05-16

ခရီးဆောင်အိတ်များ ပျောက်ဆုံးမှုကို ကာကွယ်ပေးမယ့် GPS Tag

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
ခရီးဆောင်အိတ်များ ပျောက်ဆုံးမှုကို ကာကွယ်ပေးမယ့် GPS Tag

လေယာဉ်နဲ့ ခရီးသွားသူများအတွက် ဦးတည်ရာလေဆိပ်ကို ရောက်တဲ့အခါမှာ ခရီးဆောင်အိတ် ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်လေ့ ရှိပါတယ်။ အဲဒီအခြေအနေမှာ အနီးအနားက ဆိုင်မှာ အ၀တ်အစားများ ပြေးလွှား၀ယ်ရတာ၊ လေကြောင်းလိုင်းမှ ၀န်ထမ်းနဲ့ စကားများရတာ စတဲ့ ပြဿနာတွေ ဖြစ်ရပါတယ်။

အဲဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် နာမည်ကြီး ဥရောပလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ Air France-KLMက GPS (Global Positioning System) နဲ့ Bluetooth နည်းပညာကို အသုံးပြုပြီး ခရီးဆောင်အိတ်ရဲ့ တည်နေရာကို ခရီးသည်များက ခြေရာခံနိုင်မယ့် Tagsများကို တီထွင်နေပါတယ်။ Tagsများဟာ Business Card အရွယ်လောက်သာရှိပြီး ခရီးမထွက်ခွာမီမှာ ခရီးဆောင်အိတ်မှာ ချိတ်ဆွဲရမှာ ဖြစ်ပါတယ်။

ခရီးဆောင်အိတ် လွဲမှား ယူဆောင်မိတဲ့ ပြဿနာများနဲ့ ခိုးယူခံရခြင်းကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ Air France-KLMမှ Manuel van Lijfက အဆိုပါ Tagများဟာ လေကြောင်းခရီးသွားလာမှုကို ဆန်းသစ် ပြောင်းလဲပေးမှာ ဖြစ်ပြီး အနာဂတ်မှာ လေကြောင်းလိုင်းအားလုံးမှာ အသုံးပြုလာကြမှာလို့ ထင်မြင်နေပါတယ်။

“လေကြောင်းလိုင်းများရော ခရီးသည်များရော နှစ်ဖက်စလုံး အကျိုးဖြစ်စေမယ့် နည်းပညာအသစ်တစ်ခုကို တီထွင်မှာ ဖြစ်တယ်။ ခရီးသည်များဟာ Tagများကို Air France-KLM, Delta, Lufthansaနဲ့ မည်သည့် လေကြောင်းလိုင်းမှာ မဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လေကြောင်းလိုင်း တစ်ခုထဲမှာပဲ အသုံးပြုလို့ရတဲ့ Tagမျိုးကို ဘယ်ခရီးသည်မှ ၀ယ်ချင်မှာ မဟုတ်ပါဘူးလို့ “Manuel van Lijf”က ပြောပါတယ်။

Tagsများဟာ တီထွင်နေဆဲ အဆင့်မှာရှိသေးပြီး ဒီနှစ်ကုန်မှာ ခရီးသည် အနည်းငယ်နဲ့ စမ်းသပ်သုံးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Tagနှစ်မျိုး တီထွင်ထားပြီး eTagမှာ စာသားများ ရေးသားထားပြီး အိတ်ရဲ့ အပြင်မှာ ချိတ်ဆွဲရမှာ ဖြစ်ပါတယ်။ Bluetooth ဆက်သွယ်မှုကို အသုံးပြုမှာပါ။

eTrackကတော့ အိတ်ထဲမှာ ထည့်ထားရမှာဖြစ်ပြီး GPS, Bluetoothနှစ်မျိုးလုံး သုံးနိုင်မှာ ဖြစ်ပါတယ်။ ခရီးသည်က စမတ်ဖုန်းကနေ အိတ်တည်နေရာကို သိနိုင်မှာ ဖြစ်ပါတယ်။

Air France-KLMဟာ ဒီသဘောတရားကို စမ်းသပ်နေတဲ့ တစ်ခုထဲသော Companyမဟုတ်ပါဘူး။ အိတ်ထုတ်လုပ်သူ Samsoniteက အိတ်များကို စောင့်ကြည့်နိုင်တဲ့ “Track & Trace” ကို စမ်းသပ်နေပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive