Head to Head vs Goals Difference
By Team ICT.com.mm

Head to Head vs Goals Difference ပြောစရာတစ်ခုကတက်လာပြန်ပြီ နည်းပြကပြောသွားတယ်ဆိုပြီး သတင်းထွက်နေပါတယ်။ သူက ဂိုးကွာ ခြားချက်နဲ့ လို့ထင်ပြီး ဒီပွဲကို ဂရုမစိုက်တာလို့ပြောပါတယ်။ Head to head ဆိုတာ လုံး၀မသိပါဘူးတဲ့။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ၊ သတင်းမှန်တာမှားတာထက်၊ Head to Head Rules ကို နည်းနည်း ပြောပြချင်ပါတယ်။ အုပ်စုတစ်ခုမှာ အသင်းနှစ်သင်း သို့ နှစ်သင်းထက်ပိုပြီး အမှတ်တူနေရင်၊ နောက်ထပ်အချက် တွေနဲ့ ဆုံးဖြတ်ပါတယ်။ Head to head စနစ်က အသင်းတွေ အမှတ်တူနေရင် သူတို့အချင်းချင်း ကစားခဲ့တဲ့ပွဲတွေကိုကြည့်ပြီး အနိုင်ရထားတဲ့သူက ထိပ်ရောက် သွားပါတယ်။ ဒါပေမယ့် ဒီစနစ်က နိုင်ငံတကာပွဲတွေမှာ ဂိုးကွာခြားချက်စနစ် ရဲ့ နောက်ကမှလိုက်ပါတယ်။ ဂိုးကွာခြားချက်ပါ တူနေမှ Head to Head ကို စဉ်းစားပါတယ်။
ဒီမှာ head to head နဲ့အဓိက ဆုံးဖြတ်တာကို ကျွန်တော် သိပ်မကြိုက်ပါဘူး။ အခုလို ပြုတ်သွားတော့ ပိုဆိုးပါတယ်။ ဘာလို့လည်းဆိုတော့ ဥပမာ A,B,C,D ကန်ကြရာမှာ၊ A က B နဲ့ D ကိုနိုင်တယ်။ C က A နဲ့ D ကို နိုင်တယ်။ B က C နဲ့ D ကိုနိုင်တယ်။ ၆ မှတ်စီနဲ့ A, B, C က တူတူ ဖြစ်နေပြီး အချင်းချင်းလည်း ပတ်နိုင်ထားပါတယ်။ ဒါဆို ရင် ဂိုးကွာခြားချက်ကို သွားရပါတော့မယ်။ ဒါကြောင့် အစထဲက ဂိုးကွာခြားချက်ကို အဓိက ထားထားရင် အသင်းတွေ ကအပြိုင်အဆိုင် ဂိုးသွင်းဖို့ကြိုးစားကြပြီး ပွဲကောင်းတွေ လည်း ကြည့် ရမှာပါ။ အခုတော့ မြန်မာလည်း +4 ကြီးနဲ့ အုပ်စုကထွက်ရ၊ အကုန်လုံးလည်း စိတ်ညစ်ရဖြစ်ပါတယ်။ ဒီစည်းမျဉ်းကို ဘယ်သူထုတ်လည်း မသိပေမယ့် တော်တော် အသုံးမကျတဲ့ စည်းကမ်းပါ။ Head to head ကြောင့် မြန်မာ ဒုက္ခရောက်ခဲ့ရတာများပါပြီ။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
