Facebookမှာ အလိုအလျှောက်ပြသမယ့် ကြော်ညာဗီဒီယိုတွေကို Disable ပြုလုပ်နည်း
By Thu Ya
Facebookက Desktop နဲ့ မိုဘိုင်းမှာ အလိုအလျှောက် ပြသမယ့် ဗီဒီယိုတွေကို ထည့်သွင်းဖို့ စီစဉ်နေတာ ကြာပြီဖြစ်ပါတယ်။ အခုတော့ အခြားနိုင်ငံများမှာ စတင်ထည့်သွင်းနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ထည့်သွင်းခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကြော်ညာဗီဒီယိုတွေထည့်သွင်းလာရင် Disable လုပ်နိုင်မယ့် နည်းလမ်းကို ရေးပေးလိုက်ပါတယ်။
ကြော်ညာ ဗီဒီယိုတွေက News Feed မှာ အလိုအလျှောက် ပြသမှာ ဖြစ်ပါတယ်။ Play Button ကို နှိပ်မှ ပြသမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ကွန်နက်ရှင်မကောင်းတဲ့သူတွေအတွက် အခက်တွေ့မှာ ဖြစ်ပါတယ်။ ကြော်ညာ ဗီဒီယို တွေမှာ အသံပါရှိမှာ မဟုတ်တဲ့အတွက် ကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကြော်ညာဗီဒီယိုတွေကို Scroll လုပ်ပြီးကျော်လိုက်ရင် ပြသတာရပ်သွားမှာဖြစ်ပေမယ့် အကောင်းဆုံးနည်းက Disable လုပ်ထားတာဖြစ်ပါတယ်။
ကွန်ပြူတာ
ကွန်ပြူတာ မှာ Facebook ကို ဘရောက်စာကနေ အသုံးပြုသူများအတွက် Settings ထဲကို သွားပါ။ ဘယ်ဘက်ခြမ်းက Support Dashboard ရဲ့ အောက်မှာ Videos ကိုတွေ့ရမှာဖြစ်ပါတယ်။ Auto-Play Videos မှာ Off လုပ်ပေးပါ။
Android
Android မှာတော့ ကြော်ညာဗီဒီယိုတွေကို လုံး၀ Disable မလုပ်နိုင်ပါဘူး။ ဒါပေမယ့် Mobile Data ကို အသုံးပြုချိန်မှာ Disable လုပ်နိုင်ပါတယ်။ WiFi အသုံးပြုရင်တော့ ကြော်ညာဗီဒီယိုတွေ ပြသမှာ ဖြစ်ပါတယ်။ Facebook App ကိုဖွင့်ပြီး ဘယ်ဘက် Sidebar ကိုဖွင့်ပါ။ “App Settings” ကိုသွားပြီး “Auto-Play Videos on WiFi Only” ဆိုတဲ့ Checkbox မှာ အမှန်ခြစ်ပေးပါ။
iOS
Android မှာလိုပဲ iOS မှာလည်း ကြော်ညာဗီဒီယိုတွေကို လုံး၀ Disable လုပ်လို့မရပါဘူး။ Mobile Data အသုံးပြုချိန်မှာ Disable လုပ်နိုင်ပါတယ်။ WiFi အသုံးပြုရင်တော့ ကြော်ညာဗီဒီယိုတွေ ပြသမှာ ဖြစ်ပါတယ်။ iOS Settings ကိုဖွင့်ပြီး Facebook’s Settings ကိုသွားပါ။ Video ကဏ္ဍမှ Settings Option ကိုနှိပ်ပြီး “Auto-Play on WiFi Only” ကို On လုပ်ပေးပါ။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive



