MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Mobile · 2014-08-08

ဈေးနှုန်းအထူးချိုသာပြီး 2G SIM ကဒ် 3G SIM ကဒ် ၂ မျိုးသုံး hTC Desire 210 (Dual SIM) Smartphone

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.
ဈေးနှုန်းအထူးချိုသာပြီး 2G SIM ကဒ် 3G SIM ကဒ် ၂ မျိုးသုံး hTC Desire 210 (Dual SIM) Smartphone

KMDမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Screen Size 4 လက်မအရွယ်အစားရှိတဲ့ hTC Desire 210 ဟာ ငွေကျပ် ၁သိန်းဝန်းကျင်လောက်နဲ့ International Brand Smartphone အသုံးပြုလိုသူများအတွက် အထူးသင့်လျှော်တဲ့ ဖုန်းပါပဲ။ အခုလို 3G SiM Card တွေပေါ်လာတဲ့ အချိန်မှာ 3G Network ကို Support ပေးတဲ့အပြင် Internet အသုံးပြုတဲ့ အချိန်မှာလဲ လိုင်းဆွဲအား အထူးကောင်မွန်တာကြောင့် အသုံးပြုသူများ အကြိုက်တွေ့စေမှာပါ။ Dual SIM ဖြစ်တာကြောင့် ရိုးရိုး 2G GSM SIM Card ရော 3G SIM Card ကိုပါ တပြိုင်နက်ထဲ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ အသေးစိတ် အချက်အလက်တွေကတော့ 1GHz Dual-Core CPU, Memory 512 MB RAM တို့နှင့်အတူ Internal Storage 4GB ပါဝင်ပြီးသားဖြစ်ပါတယ်။ Storage ကို ထပ်မံတိုးချဲ့လို သူများအနေနဲ့ External MicroSD Card 32 GB အထိ ထပ်မံတိုးချဲ့နိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာဆိုရင် Main Camera မှာ 5 MP ပါဝင်ပြီး Front Camera ကို 0.3 MP ထည့်သွင်းထားတာဖြစ်တာကြောင့် Video Call ခေါ်ဆိုမှုများ အပါအဝင် အခြား စွမ်းဆောင်ရည်များစွာကို ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အင်တာနက် ကောင်းကောင်းအသုံးပြုလိုသူများ အတွက် ဈေးနှုန်းချိုသာပြီး သင့်လျှော်သော hTC Desire 210 Smartphone ကို KMD အရောင်းဆိုင်ကြီးများတွင် ဝယ်ယူပါက Internet ပါဝင်ပြီး 3G SIM Card + Prepaid Card  မေတ္တာလက်ဆောင်များနဲ့ အတူ သိန်း ၅၀ ကျော်တန် hTC Gold Present ကံစမ်းခွင့်ကိုပါ ရရှိမှာဖြစ်ပါတယ်။ ဆက်သွယ်ရန် ဖုန်း 01-381129, 503511 သို့စုံစမ်းမေးမြန်းနိုင်ပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive