၂၀၁၆ မှာ Intel က လက်တော့ပါဝါကို Wireless နဲ့သွင်းမယ်
By Kaung Sint Aung
Intelက ကွန်ပျူတာသုံးသူတိုင်း စိတ်ရှုပ်နေတဲ့ အရာတစ်ခုကို ရှင်းပေးမယ်ဆိုပြီး သူ့ရဲ့နည်းပညာအသစ်ကို ထုတ်ပြလိုက်ပါတယ်။ ကျွန်တော်တို့တွေ ကွန်ပျူတာသုံးတဲ့အခါမှာ သူ့ကို အားသွင်းဖို့ ကျွန်တော်တို့ အားသွင်းကြိုးတွေ လိုပါတယ်။ ကျွန်တော်ဆို ဒီကြိုးတွေကို အရမ်းကို မျက်စိနောက်ပါတယ် အဲဒါကို ရှင်းပေးဖို့ Intelက သူတို့ရဲ့ မျိုးဆက်သစ်ကွန်ပျူတာတွေမှာ dockingနဲ့ ချိတ်ဆက်ပြီး “Skylake”လို့ခေါ်တဲ့ post-Broadwell Wireless Power ဒီဇိုင်းအသစ်ကို ချပြလိုက်ပါတယ်။ Intel က လာမယ့် ၂၀၁၆မှာ ပီစီက အားသွင်းကြိုးကြွက်သိုက်ကို ရှင်းထုတ်ပေးတော့မှာပါ။
Intel ရဲ့ post-Brodwell မျိုးဆက်သစ် ပလက်ဖောင်းက Skylake လို့ခေါ်တဲ့ ဒီဇိုင်းက ပီစီကနေ ကြိုးအားလုံးကို ထုတ်ပယ်နိုင်မယ့် အနေအထားကို ရည်ရွယ်ထားပါတယ်လို့ ဗုဒ္ဓဟူးနေ့က chip ပြုလုပ်တဲ့သူတွေက ထိုင်ဝမ်မှာ ကြေညာခဲ့ပါတယ်။
Intel ရဲ့ Kirk Skaugen ကွန်ပျူတာပွဲမှာ စီနီယာ ဒုတိယ အမှုဆောင်အရာရှိ နဲ့ PC Client အဖွဲ့ရဲ့ မန်နေဂျာတို့က ကြိုးမဲ့ ပြသတဲ့စနစ်တွေ၊ docking သုံးထားတဲ့ ကြိုးမလိုဘဲ အားသွင်းနိုင်တဲ့ features အသစ်တွေကို ပြသခဲ့ပြီး သာမန်သုံးရမယ့် ကြိုးအနေထားကနေ အနည်းဆုံးကို လျှော့ချပေးထားပါတယ်။
အဲဒိ docking နည်းပညာမှာ မြန်နှုန်းမြင့် WiGig လို့ခေါ်တဲ့ နယ်တိုနည်းပညာကို အသုံးပြုထားပါတယ်။ အဲဒါက မျက်နှာပြင်တစ်ခုနဲ့ စက်ရဲ့ အနားစွန်းတွေကို သတ်မှတ်နယ်တိုအတွင်းမှာ ကော်နက်ရှင် ဖန်တီးပေးပြီး ထောက်ပံ့ပေးမှာပါ။ အဲဒိမျက်နှာပြင်ကနေ ခွာလိုက်တာနဲ့ (သို့) တစ်နေရာကို လမ်းလျှောက်သွားတာနဲ့ စက်က standalone ဖြစ်သွားမှာပါ။ WiGigရဲ့ အမြန်နှုန်းက 7 Gbps တောင်ရှိပါတယ်။
တကယ့် ကြိုးမဲ့သာဆိုလျှင် ယာယီအားဖြင့် ရှုပ်ထွေးမှုကို ကင်းဝေးစေပြီး ပီစီကိုလည်း အပူစီးကူးစေမှာပါ ဒါပေမယ့် ဒီအိုင်ဒီယာက လိုအပ်တဲ့ ပါဝါနဲ့ အနားစွန်းတွေကို ကော်နက်ရှင် လက်တွေ့ချိတ်ဖို့ နှောင့်းနှေးနေပါသေးတယ်။
ပါဝါအတွက်ကို Skaugen က Rezence လိုခေါ်တဲ့ သံလိုက်သတ္တိရှိပြီး ပဲ့တင်ထပ်သွားသော အားသွင်းတဲ့ နည်းပညာကို အသုံးပြုမှာပါ။ အဲဒိစနစ်ကို ၂ လက်မရှိပြီး သစ်သားနဲ့လုပ်ထားတဲ့ သံလိုက်သတ္တိ ပဲ့တင်ထပ်အောင် စွမ်းနိုင်တဲ့ စားပွဲမျက်နှာပြင်မှာ တပ်ဆင်နိုင်ပါတယ်။ အဲဒါက တချိန်တည်းမှာ ဘယ်ပစ္စည်းကိုမဆို အားသွင်းပေးမှာပါ။
Skaugenက လက်ပ်တော့၊ ဖုန်း၊ ဟန်းဆက်တ် နဲ့ တက်ဘလက်တ် တွေအတွက် တစ်နေရာတည်းမှာ အားသွင်းနိုင်တဲ့ စားပွဲတစ်ခုကို ပြသခဲ့ပါတယ်။ Intel ရဲ့ member တွေဖြစ်တဲ့ Dell, Fujitsu, Lenovo, Logitech, Panasonic တို့အပါအဝင် အခြား ပါတနာတွေဖြစ်တဲ့ Asus, Toshiba တို့ကလည်း ဒီနည်းပညာသုံးနိုင်ပြီး ဖလှယ်နိုင်တဲ့ ဖုန်းကာဗာတွေ၊ ရေဒီယို နာရီတွေနဲ့ ကားအသုံးအဆောင် စတဲ့ နည်းပညာတွေကို တီထွင်ဖို့ အစပြုနေကြပါပြီ။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive

