International ကွန်ပျူတာဒီပလိုမာ ပထမနှစ် သင်တန်းတန်းခွဲသစ်ကို KMD မှ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖွင့်လှစ်သွားမည်။
By Team ICT.com.mm

KMD Yangonမှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
KMD Education Service မှ ICT နည်းပညာနှင့်ပတ်သက်၍ စိတ်ဝင်စားပြီး IT Professional တစ်ယောက်အဖြစ် စတင်လျှောက်လမ်းလိုသူများအတွက် International ကွန်ပျူတာဒီပလိုမာ ပထမနှစ်သင်တန်း ရုံးချိန်လွှတ် စနေ၊တနင်္ဂနွေ တန်းခွဲသစ်ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု သိရပါသည်။ Software/ Hardware/ Network ဘာသာရပ် ၈ မျိုးကို အခြေခံမှစပြီး စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ လက်တွေ့ Assignmentနှင့် Project များ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဘာသာရပ်များအားလုံး ဖြေဆိုအောင်မြင်ပြီးပါကလည်း Greenwich University (UK) မှပေးအပ်သည့် နိုင်ငံတကာအသိအမှတ်ပြု Level 4 Diploma in Computing Certificate ကို ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်မည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသားကျောင်းသူများအနေဖြင့် ဂုဏ်ထူးအရည်အတွက်အလိုက် သင်တန်းကြေးကင်းလွှတ်ခွင့် ၂၀% မှ ၁၀ဝ% အထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ International ကွန်ပျူတာဒီပလိုမာပထမနှစ် သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက KMD မြေနီကုန်းဖုန်း 01-700895 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
