MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2013-12-11

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း Internet Infrastructure Security: For Protection and Resilience ဟောပြောပွဲ ကျင်းပမည်

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း Internet Infrastructure Security: For Protection and Resilience ဟောပြောပွဲ ကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း (YRCPA) မှ ကြီးမှုး၍ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက် (စနေနေ့) နေ့လည် (၁:၀၀) မှ ညနေ (၅:၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park, Conference Hall တွင် Asia Pacific Network Information Centre (APNIC) မှ မန်နေဂျာတစ်ဦးဖြစ်သူ Mr. Champika Wijayatunga မှ “Internet Infrastructure Security: For Protection and Resilience” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမည် ဖြစ်ပါသည်။

အဆိုပါ ဟောပြောပွဲ၌ လုံခြုံမှုရှိသော Internet စနစ်တစ်ခု တည်ဆောက်ထိန်းသိမ်းနိုင်ရန်အတွက် လိုအပ်သော အခြေခံသဘောတရားများ၊ နည်းပညာများနှင့်တကွ ချမှတ်ဆောင်ရွက်သင့်သော မူဝါဒပိုင်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး သွားမည် ဖြစ်ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲ၌ ပါဝင်မည့် အကြောင်းအရာများမှာ- Network security fundamentals, Managing Internet resources in a security perspective, Network infrastructure security, Securing routing infrastructures, Securing DNS infrastructures တို့ဖြစ်ပါသည်။

အဆိုပါဟောပြောပွဲသို့ Internet စနစ်လုံခြုံမှုရှိစေရေးအတွက် မူဝါဒချမှတ်ရမည့်သူများ၊ Network Engineer များ၊ IT ပညာကိုစိတ်ပါဝင်စားသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ ကွန်ပျူတာနည်းပညာကို လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများ မည်သူမဆို(အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ MITCT Park, ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive