MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2014-12-22

ဟက်ကာတွေအတွက် သင့် iPhoneကို ထိုးဖောက်၀င်ရောက်ဖို့ လွယ်ကူစေတဲ့ Appဟာ ပိုပြီး ကြောက်စရာကောင်းလာ

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
ဟက်ကာတွေအတွက် သင့် iPhoneကို ထိုးဖောက်၀င်ရောက်ဖို့ လွယ်ကူစေတဲ့ Appဟာ ပိုပြီး ကြောက်စရာကောင်းလာ

စက်တင်ဘာလမှာ ရုပ်ရှင်မင်းသမီး Kate Uptonရဲ့ iCloudအကောင့်ထဲကို ထိုးဖောက်၀င်ရောက်ရာမှာ ဟက်ကာတွေ အသုံးပြုခဲ့တယ်လို့ ထင်နေကြတဲ့ Elcomsoft Phone Breaker Appဟာ သတင်းအချက်အလက်တွေ ခိုးယူဖို့ ပိုပြီးတောင် လွယ်ကူစေတဲ့ Updateကို အဆင့်မြှင့်ပြီးပါပြီ။

Updateက Two-Factor Authenticationလို့ ခေါ်တဲ့ လုံခြုံရေးနှစ်ထပ်ချထားတဲ့ iCloudအကောင့်တွေကိုတောင် ထိုးဖောက်၀င်ရောက်နိုင်တယ်လို့ ကုမ္ပဏီက ကြာသပတေးနေ့မှာ ကြေညာထားပါတယ်။

Two-Factor Authenticationဆိုတာ iCloud, Gmailနဲ့ အခြား အွန်လိုင်း၀န်ဆောင်မှုတွေမှာ အသုံးပြုနိုင်တဲ့ လုံခြုံရေးစနစ် ဖြစ်ပါတယ်။

Passwordထည့်ပြီးတဲ့နောက်မှာ ၀န်ဆောင်မှုက သင့်ဖုန်းထံပေးပို့တဲ့ တစ်ခါသုံးကုဒ်ကို ထပ်ထည့်ပေးဖို့လိုပါတယ်။ သဘောတရားကတော့ သင့်ရဲ့ Passwordကို တစ်စုံတစ်ယောက်က ခိုးယူသွားရင်တောင် သင့်ဖုန်းဟာ သူ့ထံမှာ မရှိနေရင် Login လုပ်လို့ မရပါဘူး။

Elcomsoft App ဗားရှင်းအသစ်က Two-Step Verificationကို သုံးသုံး မသုံးသုံး အကောင့်ထဲကို ၀င်ရောက်နိုင်တဲ့ ဒစ်ဂျစ်တယ် တိုကင်ကို ထုတ်ပေးနိုင်ပါတယ်။

ဟက်ကာတွေအနေနဲ့ Hacking Softwareအလုပ်လုပ်ဖို့ သားကောင်ရဲ့ Passwordတော့ လိုအပ်ပါသေးတယ်။ ဟက်ကာတွေက Phishing နည်းလမ်းကနေ Passwordတွေကိုရယူတတ်ကြပါတယ်။ Phishingဆိုတာကတော့ ဟက်ကာတွေက Apple ၀က်ဆိုက် အတုကို ပြုလုပ်ပြီး လူတွေသူတို့ရဲ့ Passwordကို ထည့်သွင်းစေဖို့ နည်းလမ်း တွေကို ရှာဖွေတာပါ။ အီးမေးတွေမှာပါတဲ့ လင့်တွေကို မနှိပ်ခင်မှာ Apple ဒါမှမဟုတ် အခြား ၀န်ဆောင်မှုက ပေးပို့တဲ့ အီးမေးမှန်ကန်လားဆိုတာ စစ်ဆေးတာက အကောင်းဆုံးပါ။ မှန်ကန်တဲ့ ကုမ္ပဏီတွေက အီးမေးကနေ သင့်ရဲ့ Password ကို တောင်းခဲ့ပါတယ်။

ဒါ့အပြင် Updateမှာ Password Managerအပါအ၀င် Third-Party Appsတွေက သိမ်းထားတဲ့ ဒေတာ၊ iWork Documents၊ WhatsApp Chatsအပါအ၀င် အရင်က မရယူနိုင်တဲ့ iCloudမှ ဒေတာအသစ်အမျိုးအစားအားလုံးကို ရယူနိုင်တဲ့ စွမ်းရည်ပါရှိလာပါတယ်။

Elcomsoftရဲ့ Appဟာ ရာဇ၀တ်သားတွေရဲ့ ဖုန်းတွေကို အာဏာပိုင်တွေ ၀င်ရောက်ကြည့်နိုင်အောင် ရည်ရွယ်ထားပါတယ်။ ဒါပေမယ့်လည်း မသမာသူလက်ထဲ ရောက်သွားရင်တော့ ဘာတွေ အသုံးချနိုင်လဲဆိုတာ ကျွန်တော်တို့ တွေ့ရှိခဲ့ပြီးပါပြီ။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive