James Cook University Singapore ၏ Best New Agent Award ကို STUDY ABROAD Information Centre မှ ရရှိ။
By Team ICT.com.mm

စင်ကာပူနိုင်ငံရှိ Australia University အခွဲတစ်ခုဖြစ်သည့် James Cook University Singapore (JCUS) မှ (2013) ခုနှစ် အတွက် Best New Agent Award ကို STUDY ABROAD Information Centre မှ ရရှိခဲ့ကြောင်း သိရှိရပါသည်။
STUDY ABROAD Information Centre မှာ JCUS ၏ ကမ်းလှမ်း ဖိတ်ခေါ်မှုကြောင့် (2013) ခုနှစ်တွင် New Partner အနေနှင့် စတင်လက်တွဲခဲ့ပြီး (၅) ကြိမ်မြောက် Annual Agent Conference တွင် အဆိုပါ Award ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ JCUS ၏ Annual Conference ကို နိုင်ငံတကာမှ ပညာရေးကုမ္ပဏီများ တက်ရောက်ခဲ့ကြပြီး James Cook University Singapore တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ Conference တွင် JCUS တွင် တက်ရောက်နိုင်သည့် မေဂျာဘာသာရပ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ Lectures များနှင့် အသေးစိတ် ဆွေးနွေးပေးခဲ့သည့် အပြင် လက်ရှိ JCUS တွင် တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားတို့၏ ဖွဲ့စည်းထားသည့် Clubs နှင့် Societies များ၊ performances များ၊ Research/ Course Work များကိုပါ လက်တွေ့ လေ့လာရန် စီစဉ်ထားခဲ့ပါသည်။
James Cook University Singapore မှ ထူးချွန် ကျောင်းသူ၊ ကျောင်းသားတို့ကိုလည်း Australia နိုင်ငံတွင် Semester (1) ခု မှ (2) ခုထိ စင်ကာပူ ကျောင်းလခ နှင့် တက်ရောက်နိုင်ရန် စီစဉ်ပေးထားပါသည်။ စင်ကာပူနိုင်ငံတွင်လည်း Upper Thomson Campus နှင့် Ang Mo Kio Campus များတွင် တက်ရောက်နိုင်မည် ဖြစ်ပါသည်။
ဘာသာရပ်များ အနေနှင့် Business, Tourism, IT, Psychology , Environmental Science, Psychology ဘာသာရပ်များကို ပါ တက်ရောက်နိုင်မည် ဖြစ်ပြီး Master Degree များအနေနှင့် Master of Business Administration, Master of Professional Accounting, Master of Information Technology တို့အပြင် Master of Education ဒီဂရီများကိုလည်း ရယူနိုင်မည် ဖြစ်ပါသည်။
စိတ်ပါဝင်စားသူ ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့် ကျောင်းလျှောက်လိုပါက Best New Agent Award ရရှိထားသည့် STUDY ABROAD Information Centre မှ လျှောက်ထားနိုင်ပြီး I- Pad Free ရယူနိုင်မည် ဖြစ်ပါသည်။ STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို ၊ တိုက် (အေ)၊ (၁၁ လွှာ)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ် ။ ဖုန်း ဝ၉ ၅၁၅၁ ဝ၀၈ နှင့် ဝ၉ ၇၃ ၂၄၂၄ ဝ၄ တို့တွင် အသေးစိတ် စုံစမ်း မေးမြန်းနိုင်မည် ဖြစ်ပါသည်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
