MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Mobile · 2014-10-31

ကိုရီးယားတွင်နောက်ဆုံးထွက် iPhone အသစ်များ Galaxy Note 4 ထက်အရောင်းသွက်နေ

By Aung Ko Htet

Archived article. This text reflects its original publication date; products, links and information may have changed.
ကိုရီးယားတွင်နောက်ဆုံးထွက် iPhone အသစ်များ Galaxy Note 4 ထက်အရောင်းသွက်နေ

The WSJ Website တစ်ခုရဲ့ဖော်ပြချက်အရကိုရီးယားနိုင်ငံတွင် Apple မှအသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ iPhone 6 နှင့် 6 Plus များဟာ Samsung Galaxy Note 4 ထက် ပိုမိုရောင်းအား ကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ၏ပြည်တွင်း mobile လုပ်ငန်းသုံးခုမှ စတင်၍ ကြိုတင်မှာယူခွင့် များကိုခွင့်ပြုပေးခဲ့ပြီးနာရီပိုင်းအချိန်မှာပဲ iPhone 6 နဲ့ iPhone 6 Plus တို့ဟာလူဦးရေ 10,000 အထိ ရောက်ရှိသွားပြီး တစ်ချိန်တည်းမှာပဲ Samsung Galaxy Note 4 ကို Samsung Electronics Company မှဖြန့်ချိရောင်းချနေပြီပဲဖြစ်ပါတယ်။ ပထမဦးဆုံး telecom company ဖြစ်တဲ့ KT Corporation မှ iPhone ကို ကိုရီးယားဈေးကွက်ထဲသို့ ကြိုတင်မှာယူခွင့်ကို စတင်မိတ်ဆက်ရာ တစ်မိနစ်အတွင်းမှာပဲ iPhone 6 နဲ့ iPhone 6 Plus နှစ်မျိုးစလုံးကို ကြိုတင်မှာယူသူဦးရေ 10,000 ထိရောက်ရှိသွားပြီး နောက်ထပ်မိနစ်သုံးဆယ် အကြာမှာတော့ ကြိုတင်မှာယူသူဦးရေ 50,000 အထိမြှင့်တက်သွားတယ်လို့ ပြောကြားထားပါတယ်။iPhone ကိုယခုအချိန်မှ စတင်ရောင်းချမည့် LG Uplus Corporation တွင် iPhone များကို ကြိုတင်မှာယူထားသူဦး ရေမှာမိနစ် 20 အတွင်းတွင်လူဦးရေ 20,000 ကျော်ရောက်ရှိသွားခဲ့သည်ဟုပြောကြားထားသည်။

တောင်ကိုးရီယားနိုင်ငံရဲ့ mobile လုပ်ငန်းလုပ်ကိုင်နေသော company ဖြစ်သည့် SK Telecom Company မှ သတင်းအတိအကျကို ထုတ်ပြန်ကြေငြာ ပြောဆိုခြင်းမရှိသော်လည်း iPhone အသစ်များကို ကြိုတင်မှာယူခွင့်အား ပထမအသုတ်နဲ့ ဒုတိယအသုတ်များတွင် ကြိုတင်မှာယူခွင့်ရရှိသည့် အရေအတွက် ပြည့်သွားခဲ့ပြီလို့ ပြောကြာသွားပါတယ်။ အခုတတိယမြောက် ကြိုတင်မှာယူခွင့်မှာတော့ SK Telecom company အနေဖြင့် ကြိုတင်မှာယူခွင့် အကြိမ်အရေအတွက်များကို သီးခြားစီသတ်မှတ်ထားပါတယ်။ iPhone များကို ကြိုတင်မှာယူသူများဟာ ပထမအကြိမ်မှာယူချိန်နှင့် ဒုတိယအကြိမ်မှာယူအချိန်ဟာ ကွာခြားမှုရှိနေရ ပါမယ်။ (ဥပမာ ပထမအသုတ်မှာမှာယူပြီးသော သူသည် ဒုတိယအသုတ်မှာ မှာယူခွင့်ရရှိအုံးမှာမဟုတ်ပဲ တတိယအကြိမ်မှသာမှာ ယူခွင့်ရရှိမှာဖြစ်ပါတယ်။)iPhone ဟာ ကိုရီးယားနိုင်ငံမှာတော့ စတိုးဆိုင်များနဲ့ အရောင်းကောင်တာများမှာ customer များအတွက် ဝယ်ယူနိုင်အောင် အောက်တိုဘာ 31 ရက်နေ့မှာ ခွင့်ပြုပေးမှာဖြစ်တယ်လို့လည်း SK Telecom company မှ ပြောကြားထားပါတယ်။ ဆက်လက်ပြီး iPhone အသစ်များကို ကြိုတင်မှာယူခြင်းအား စစ်တမ်းကောက်ယူရာတွင် အကြမ်းဖျဉ်းအားဖြင့် လူဦးရေ 100,000 အထိကို ရောက်ရှိနေပြီး တစ်ချိန်တည်းမှာ ကြိုတင်မှာယူခွင့်ပြုထားတဲ့Samsung Galaxy Note 4 ရဲ့ ကြိုတင်မှာယူသည့် လူဦးရေကတော့ 30,000 ခန့်သာရှိတယ်လို့ စစ်တမ်းကောက်ယူရရှိထားပါတယ်။

LG Uplus mobile company ရဲ့ပြောရေးဆိုခွင့်ရှိသူကဆက်လက်ပြီးပြောကြားရာမှာ iPhone ရဲ့ကြိုတင် မှာယူမှုစံချိန်ကို Samsung အနေနဲ့ချက်ချင်းဆိုသလိုအမှီလိုက်နိုင်အုံးမှာမဟုတ်ကြောင်းပြောကြားထားသည်။ကိုရီးယားနိုင်ငံမှာ iPhone ရဲ့ဈေးကွက်ရှယ်ယာပိုင်ဆိုင်မှုဟာ 6 ရာခိုင်နှုန်း၊ Samsung မှ 63 ရာခိုင်နှုန်း LG Electronic Incမှ 22 ရာခိုင်နှုန်းနဲ့Pantech Co. မှ 7 ရာခိုင်နှုန်းတို့ အသီးသီးပိုင်ဆိုင်ထားသည်ဟု ဈေးကွက် သုတေသနပညာရှင်များက ပြောကြားထားသည်။ IBK Securities in Seoul.Inနှင့်စစ်တမ်းကောက်ယူသူ Lee Seung-Woo မှ iPhone အနေနဲ့အခုလို Samsung ထက် ကြိုတင်မှာယူခွင့် အများဆုံးရရှိခြင်းဟာ Samsung ရဲ့အဓိကမဟာဗျူ ဟာဖြစ်တဲ့ screen မျက်နှာပြင်ကျယ် ထုတ်လုပ်ခြင်း မဟာဗျူ ဟာကိုသိရှိ သွားလို့ပါပဲ။ iPhone ရဲ့ထုတ်ကုန်အသစ်ဖြစ်တဲ့ iPhone 6 နဲ့ 6 Plus တို့ရဲ့ screen မျက်နှာပြင်ကျယ်ကျယ်နဲ့ ထုတ်လုပ်လိုက်ခြင်းဟာ Samsung ရဲ့တစ်ခုတည်းသော အဓိကအကျိုးခံစားခွင့်ကို ဆုံးရှုံးစေလိုက်ခြင်းပဲ ဖြစ်ပါတယ်။ Mr.Lee အနေနဲ့ Samsung Galaxy S5 နဲ့ Galaxy Note 4 ၊ iPhone 6 နဲ့ 6 Plus တို့အား နောက်ထပ်လေးကြိမ်မြောက် ကြိုတင်မှာယူခွင့်ကို ဆက်လက်လက်ခံထားဆဲဖြစ်ပြီးဒီ Handset နှစ်မျိုးဆီကို အနည်းဆုံးငါးကြိမ်လောက် ကြိုတင်မှာယူခွင့်ပြု မှာ ဖြစ်တယ်လို့လဲ ပြောကြားသွားခဲ့ပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive