MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Review · 2014-08-14

Microsoftက Mac vs PC ကို Surface Pro 3 ကြော်ညာဗီဒီယိုတွင် နှိုင်းယှဉ်ပြသ

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
Microsoftက Mac vs PC ကို Surface Pro 3 ကြော်ညာဗီဒီယိုတွင် နှိုင်းယှဉ်ပြသ

Microsoftက စွမ်းအား အကုန်သုံးပြီး Macနဲ့ PCတို့ရဲ့ ယှဉ်ပြိုင်မှုကို ပြန်လည် စတင်လိုက်ပါတယ်။ Microsoftက Surface Pro 3ကို စတင်ရောင်းချစဉ်က MacBook Airကို အဓိက ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အခုနောက်ဆုံး ကြော်ညာမှာတော့ Deviceနှစ်ခုကို ထိပ်တိုက်နှိုင်းယှဉ် ပြသထားပါတယ်။ ဒါဟာ Microsoftက iPadနဲ့ Siriတို့ကို မကြာမီက ယှဉ်ပြိုင်ခဲ့သလို ပုံစံမျိုးပဲ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်က Appleရဲ့ ကြော်ညာနဲ့ ဆင်တူနေတာကိုလည်း တွေ့ရပါတယ်။ ဗီဒီယိုဟာ စက္ကန့် သုံးဆယ်သာ ကြာမြင့်ပြီး Surface Pro 3ဟာ Appleထက် ထိတွေ့မျက်နှာပြင်၊ ကညစ်တံတို့မှာ သာလွန်တယ်ဆိုတာ မီးမောင်းထိုးပြထားပါတယ်။

အခု ဗီဒီယိုကြော်ညာဟာ လက်တော့ အစားထိုးနိုင်တဲ့ တက်ဘလက်နဲ့ လက်တော့လိုရော တက်ဘလက်လိုပါ သုံးနိုင်တဲ့ နှစ်မျိုးသုံး တက်ဘလက် အဖြစ် ကြော်ညာခဲ့တဲ့ မူလ Surface Pro 3ကြော်ညာနဲ့ ကွဲပြားနေပါတယ်။ သြဂုတ်လ ၂၈ ရက်နေ့မှာ Surface Pro 3ကို နိုင်ငံ ၂၅ နိုင်ငံမှာ ရောင်းချပေးမှာ ဖြစ်တဲ့အတွက် Microsoftအနေနဲ့ အချိန်မီ MacBook Airကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

https://www.youtube.com/watch?v=YfpULoEZIHk


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive