MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
How-to · 2014-04-07

iPhone မှာ ဖုန်းနံပါတ်တွေရဲ့ Extension တွေကို အလိုအလျှောက် ခေါ်ဆိုအောင် ပြုလုပ်နည်း

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
iPhone မှာ ဖုန်းနံပါတ်တွေရဲ့ Extension တွေကို အလိုအလျှောက် ခေါ်ဆိုအောင် ပြုလုပ်နည်း

စမတ်ဖုန်းတွေဟာ ဖုန်းနံပါတ်တွေကို မှတ်သားပေးနိုင်တဲ့ အတွက် ကျွန်တော်တို့လူသားတွေဟာ ဖုန်းနံပါတ်တွေ ကို မှတ်သားစရာမလိုပါဘူး။ ဒါပေမယ့် ဖုန်းနံပါတ် တစ်ခု ရဲ့ Extension ကို ဘယ်လို မှတ်သားပြီး အလိုအလျှောက် ခေါ်ဆိုနိုင်သလဲ? မှတ်စု App မှာ သီးခြား မှတ်သားရတာ အလုပ်ရှုပ်ပါတယ်။ Yahoo! Tech က အဲဒီအလုပ်ရှုပ်မှုတွေ ကင်းဝေးအောင် နည်းလမ်းတစ်ခု မျှဝေထားပါတယ်။

၁။ သာမာန်အတိုင်းပဲ ဖုန်းရဲ့ Dialer မှာ ဖုန်းနံပါတ် ကို ရိုက်ပါ။

၂။ * Key ကို ဖိထားပြီး Comma ( , ) ကို ရွေးချယ်ပေးပါ။

၃။ Comma နောက်မှာ Extension နံပါတ် ကို ရိုက်ပေးပါ။

၄။ ဖုန်းနံပါတ် ကို Contact မှာ သိမ်းပါ။

Comma ခံထားတဲ့အတွက် Extension နံပါတ် ကို ချက်ချင်းခေါ်ဆိုမှာ မဟုတ်ဘဲ ခနကြာမှ Extension နံပါတ် ကို ခေါ်ဆိုမှာ ဖြစ်ပါတယ်။ ဒီနည်း ကို အသုံးပြုပြီး iPhone မှာ Extension နံပါတ် ပါတဲ့ ဖုန်းတွေကို Extension နံပါတ် ရိုက်စရာမလိုဘဲ အလိုအလျှောက်ခေါ်ဆိုနိုင်ပြီဖြစ်ပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive