MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Laptops · 2014-06-05

Microsoftက Windows Deviceအသစ်များကို ပြသ

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
Microsoftက Windows Deviceအသစ်များကို ပြသ

Microsoftက ထိုင်၀မ်မှာ ကျင်းပပြုလုပ်တဲ့ Computexနည်းပညာပြပွဲမှာ Windows Deviceနှစ်ခုကို ပြသလိုက်ပါတယ်။ Microsoftရဲ့ VP of OEM Partners ဖြစ်သူ Nick Parkerက ကြေညာလိုက်တာဖြစ်ပါတယ်။

HP Pro X2 612ကို အရင် ပြသလိုက်တာဖြစ်ပြီး လက်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။ Wacom Digitiserရဲ့ မျက်နှာပြင်ကို အသုံးပြုထားပြီး စာရေးသားနိုင်တဲ့ ကညစ်တံ ပါရှိပါတယ်။ အရှေ့နဲ့အနောက် ကင်မရာ နှစ်လုံးစလုံးကလည်း Full HD ဖြစ်ပါတယ်။ ကီးဘုတ်မှာ ဘက်ထရီတစ်ခုနဲ့ တက်ဘလက်မှာ ဘက်ထရီတစ်ခု ပါရှိပြီး နှစ်ခုပေါင်း ဘက်ထရီသက်တမ်းမှာ ၁၄ နာရီဖြစ်တယ်လို့ Parkerက ပြောပါတယ်။ 4G Versionကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ ၁၂.၅ လက်မမျက်နှာပြင် တပ်ဆင်ထားတဲ့အတွက် Surface 3နဲ့ အတူတူပဲဖြစ်ပါတယ်။ မျက်နှာပြင်ဟာ Full HD Resolutionဖြစ်ပါတယ်။ Intel Core i3နဲ့ Core i5နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ VGA, Display Port, Ethernet Sockets, SD Slot နဲ့ USB 3.0 Port နှစ်ခု ပါရှိပါတယ်။ Internal Storageအနေနဲ့ 64GB ကနေ 512GB အထိ ရွေးချယ်နိုင်ပါတယ်။ တက်ဘလက်ကို စက်တင်ဘာလမှာ ကီးဘုတ်နဲ့အတူ ရောင်းချမယ်လို့ သိရပါတယ်။ ကီးဘုတ်မ၀ယ်ဘဲ တက်ဘလက်ပဲ ၀ယ်ယူနိုင်ပါတယ်။

ဒုတိယအမျိုးအစားမှာ တိုရှီဘာရဲ့ ခုနစ်လက်မ တက်ဘလက်ဖြစ်ပါတယ်။ Parkerက Champagne Gold အရောင် အပါအ၀င် တက်ဘလက်ရဲ့ ဒီဇိုင်းကို အမွှန်းတင်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဈေးနှုန်းဟာလည်း ဈေးကွက်ထဲရှိ ခုနစ်လက်မတက်ဘလက်များနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကို အလေးပေးပြောကြားခဲ့ပြီး Specificationများကိုတော့ ပြောကြားခြင်း မရှိခဲ့ပါဘူး။

အသေးစိတ် သတင်းအချက်အလက်များကို နောက်ပိုင်းမှာ သိရရင် မြန်မာအိုင်စီတီ ပရိသတ်ကြီးကို တင်ဆက်ပေးပါ့မယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive