MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2014-07-15

အော်ရီဒူး၏ မိခင်နှင့်ကလေး စောင့်ရှောက်ရေး မိုဘိုင်းဝန်ဆောင်မှု မကြာမီစတင်နိုင်ရန် စီစဉ်

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
အော်ရီဒူး၏ မိခင်နှင့်ကလေး စောင့်ရှောက်ရေး မိုဘိုင်းဝန်ဆောင်မှု မကြာမီစတင်နိုင်ရန် စီစဉ်

အော်ရီဒူးမှ ဆောင်ရွက်မည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး မိုဘိုင်းဝန်ဆောင်မှု မကြာမီစတင်မည်ဖြစ်ကြောင်း အော်ရီဒူး၏ Digital Services Senior Manager/ mHealth Expert ဖြစ်သူ Jennifer Ongက ပြောသည်။

မိုဘိုင်း App မှတစ်ဆင့်မိခင်နှင့် ကလေးကျန်းမာရေး ဆိုင်ရာများကို သိရှိနိုင်မည်အဆိုပါ အစီအစဉ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ Appမှာ မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးနှင့် နှစ်နှစ်သားအရွယ် ကလေးမိခင်များအထိ ရည်ရွယ်ဆောင်ရွက်ထားကြောင်း သိရသည်။

“ကျေးလက်ဒေသမှာရှိတဲ့ သူတွေအပါအဝင် Smart Phone ရှိတဲ့အမျိုးသမီးတိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ ဘယ်တော့လဲဆိုတာ အတိအကျမပြောနိုင်သေးပေမယ့် မကြာခင်စ တင်သွားမှာပါ” ဟု Ms. Jennifer Ong က ယနေ့ကျင်းပသော 3rd Into Myanmar Telecoms & IT Summit 2014 အခမ်းအနားတွင်ပြောသည်။ ယင်းမိုဘိုင်း App ကိုအခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် သိထားသင့်သော အကြောင်းအရာများ၊ ကိုယ်ဝန်ရှိမရှိ မည်ကဲ့သို့သိရှိနိုင်သနည်း၊ မွေးဖွားလာမည့် ကလေးငယ်အတွက် သိထားသင့်သောအချက်များ၊ မိသားစုအတွက် စီစဉ်ထားသင့်သော အချက်များ၊ မွေးဖွားလာသည့် ကလေးငယ်၏ လစဉ်ဖွံ့ဖြိုး တိုးတက်လာမှုများ အစရှိသည်တို့ ယင်းမိုဘိုင်း App တွင်ပါဝင်မည်ဖြစ်သည်။ ထိုအပြင်ကလေးငယ်အတွက် အဟာသင့်တင့်မျှတအောင် စားသုံးသင့်သော အစားအစားများ၊ ကိုယ်ဝန်ဆောင်နေစဉ် နာမကျန်းဖြစ်ပါက ဆောင်ရွက်သင့်သည် ကျန်းမာရေးစောင့်ရှောက်မှု အစရှိသည့် အချက်အလက်များကိုလည်း မိုဘိုင်း App အသုံးပြုကာ သိရှိနိုင်မည် ဖြစ်ကြောင်း Ms. Jennifer Ongက ပြောသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive