MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2013-05-13

ပြည်ပရောက် မြန်မာတို့၏ တရားဝင်လွဲှငွေ တစ်နှစ်အတွင်း ကျပ် ၈၈ဘီလီယံကျော်ရှိ

By Kan Gyi

Archived article. This text reflects its original publication date; products, links and information may have changed.
ပြည်ပရောက် မြန်မာတို့၏ တရားဝင်လွဲှငွေ တစ်နှစ်အတွင်း ကျပ် ၈၈ဘီလီယံကျော်ရှိ

နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော ဘဏ်များမှ တစ်ဆင့် ပြည်ပရောက် မြန်မာများ၏ ပြည်တွင်းသို့ တရားဝင်လွှဲငွေမှာ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလမှ ယခုနှစ် မတ်လကုန်အထိ တစ်နှစ်အတွင်း ကျပ် ၈၈ဘီလီယံကျော် ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ငွေလွှဲဝင်ရောက်မှု စာရင်းများအရ သိရသည်။ အဆိုပါ စာရင်းဇယားများမှာ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များသို့ တရား၀င် လွှဲပြောင်းခဲ့သော ငွေစာရင်များ ဖြစ်ပြီး အဆိုပါ ဘဏ်များမှာ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ အာရှစိမ်းလန်းမှု ဖံွ့ဖြိုးရေးဘဏ်၊ ကမေ္ဘာဇဘဏ် တို့မှတစ်ဆင့် ဝင်ရောက်လာခြင်း ဖြစ်သည်။

ယင်းသို့ တရားဝင်လွှဲငွေများသာ စာရင်းသိနိုင်ပြီး ဟွန်ဒီဖြင့် ငွေလွဲှမှုများလည်း ရှိနေဆဲ ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ စီးဝင်ငွေ မည်မျှရှိမည်ကို မခန့်မှန်းနိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောကြားသည်။ ဟွန်ဒီမှာ တရား၀င် လုပ်ကိုင်ဆောင်ရွက်နေသော ငွေလွှဲလုပ်ငန်းတစ်ခု မဟုတ်သည့်အတွက် ဟွန်ဒီနှင့် ငွေလွှဲသူ အရေအတွက်နှင့် ပမာဏများအား စနစ်တကျ မှတ်တမ်းတင်နိုင်ခြင်း မရှိကြောင်း သိရပါသည်။ စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူ အများစုမှာ ဘဏ်စနစ်ဖြင့် တရားဝင် ငွေလွှဲသူ များပြားပြီး မလေးရှား၊ ထိုင်းနိုင်ငံတို့ရှိ မြန်မာလုပ်သားများမှာ ဟွန်ဒီကိုသာ အားကိုးကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက်၍ အလုပ် လုပ်နေသူ မြန်မာနိုင်ငံသား အများစုမှာ မိသားစုထံ လွှဲငွေများကို ဘဏ်များမှတစ်ဆင့် တရားဝင် လွှဲပို့နိုင်သော်လည်း ဘဏ်ဖွင့်ချိန်နှင့် အားလပ်ချိန် မတိုက်ဆိုင်သောကြောင့် ဟွန်ဒီကိုသာ အသုံးပြု၍ ငွေလွဲှရကြောင်း အဆိုပါ မြန်မာနိုင်ငံသားများနှင့် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသူတို့က ပြောကြားသည်။ ထိုင်းနှင့် မလေးတို့မှ တရားဝင် ငွေလွှဲသူ နည်းပါးပြီး ဘဏ်ဖွင့်ချိန်၊ ပိတ်ချိန်များမှာ ယင်းနိုင်ငံမှ ဘဏ်များနှင့်သာ သက်ဆိုင်ကြောင်း သိရသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive