MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2014-07-17

မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းမည်

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံ KDDI ကုမ္ပဏီ၊ Sumitome Corporationတို့ ပူးပေါင်း၍ ဆက်သွယ်ရေး အော်ပရေတာ ဝန်ဆောင်မှုကို စတင်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသားများအတွက် ဂျပန်အရည်အသွေး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဟုဆိုသည်။ ဆင်းမ်ကတ်များ အလွယ်တကူ ဝယ်ယူနိုင်စေရန်၊ ဆက်သွယ်ရေး အရည်အသွေးများ တိုးမြင့်စေရန် ဆောင်ရွက်သွားမည်ဟု ယနေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ မှသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီများနှင့် သဘောတူလက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင်နေ့လည် ၁နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။

KDDIသည် တစ်ကမ္ဘာလုံးရှိ ဆက်သွယ်ရေး Operator ရှစ်ရာအနက် ကမ္ဘာ့အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ အသုံးပြုသူ သန်းငါးဆယ်ကျော်ရှိသည့် ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည်ဟု သိရပါသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive