MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Archive · 2016-06-14

“Hardware (A+) and System Hacking” သင်တန်းဖွင့်လှစ်မည်

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.
“Hardware (A+) and System Hacking” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ Hardware (A+) and System Hacking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ၊ Hardware အား အခြေခံကျကျ သိရှိလိုသော လုပ်ငန်းခွင်ဝင်ရောက် Technician များ၊ MCPA Member များအတွက် သင်တန်းကို ၂၀၁၆ ခုနှစ် ၊ ဇူလိုင်လ (၉) ရက်နေ့မှစ၍ နည်းပညာ အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

ယနေ့ IT Environment တွင် ကျွမ်းကျင်သော Hardware Engineer များ ပေါ်ထွက်လာရေးနှင့် System ပိုင်းကို ထဲထဲဝင်ဝင် ကျွမ်းကျင်ပိုင်နိုင်သော IT Technician များ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။
ဤသင်တန်းအား အခြေခံကွန်ပျူတာအသုံးပြုတတ်သူများနှင့် Hardware ပိုင်းကို အခြေခံပိုင်နိုင်လိုသူများ တက်ရောက်နိုင်ပြီး၊ သင်တန်းတက်ရောက်ခြင်းအားဖြင့် Hardware ပိုင်းကို အခြေခံကျနစွာ ကျွမ်းကျင်နိုင်မှာဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက Hardware Engineer တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ရောက်နိုင်မည်ဖြစ်သည်။

Content Overview – “Hardware (A+) and System Hacking”

  • Introduction to Computer System
  • Essential Hardware Components
  • Operating System Technologies
  • Installation and Configuration Microsoft Windows OS
  • Device Drivers & Third party application
  • System Maintenance
  • System Tweaking with Group Policy
  • Mastering System with Registry
  • Command Line Usage
  • Data Recovery
  • Linux OS Installation
  • Linux application package management
  • System Security
  • Fundamental Reverse Engineering
  • Workgroup Level Setup
  • Troubleshooting

· Bonus အနေဖြင့် Keylogger (Hardware) & Wi-Fi Hacking

သင်တန်းကာလ – ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက် မှ စက်တင်ဘာလ (၄) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် – နံနက် ဝ၉:ဝ၀ နာရီ မှ ၁၁:ဝ၀ နာရီအထိ
သင်တန်းကြေး – ၂၀ဝ,ဝ၀ဝိ/ ( နှစ်သိန်းကျပ်တိတိ)
MCPA Member (50%) – ၁၀ဝ,ဝ၀ဝ (တစ်သိန်းကျပ်တိတိ)
သင်တန်းသားဦးရေ – (၂၀) ဦး
သင်တန်းနေရာ – အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့်၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက် ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝသို့ စုံစမ်းမေးမြန်း နိုင်ပါသည်။

(မှတ်ချက်။ အတန်းတက်ချိန်၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ်ပေးအပ်မည်မဟုတ်ပါ။)


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive