MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Business · 2014-10-15

Kaymuမှမြန်မာနိုင်ငံအွန်လိုင်းဈေးကွက်ကိုယူဆောင်လာပြီ

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.
Kaymuမှမြန်မာနိုင်ငံအွန်လိုင်းဈေးကွက်ကိုယူဆောင်လာပြီ

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး လှုပ်ရှားမှုများနှင့် နောင်အနာဂတ်မှာ တမူထူးခြားပြီး စီးပွားရေးဈေးကွက် အလားအလာကောင်းတစ်ခု ဖြစ်လာနိုင်သော အွန်လိုင်းပေါ်ဈေးဝယ်ထွက်ခြင်း၊ ရောင်းချခြင်းများကို တွေ့ရှိနိုင်ဖို့ အခွင့်အလမ်းတွေ ရနိုင်ပါတယ်။ ဒါကြောင့် ရောင်းဝယ်ဖောက်ကားမှု ဖွံဖြိုးတိုးတက်ဆဲဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ကျွန်ုပ်တို့ရဲ့ ကမ္ဘာ့အဆင့်မှီ www.kaymu.com.mm Website ကိုစတင်မိတ်ဆက်လိုပါတယ်။ ကျွန်ုပ်တို့ရဲ့ Kaymuဟာ ရောင်းသူများနှင့် ဝယ်ယူသူများကို တွေ့ဆုံပေးပြီး အံ့သြဖွယ်ကောင်းတဲ့ အရောင်းအဝယ်များကို ပြုလုပ်ပေးနေတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်းဈေးကွက်တစ်ခု ဖြစ်ပါတယ်။ Kaymuရဲ့ အွန်လိုင်း ရောင်းဝယ်သူများအနေနဲ့ လူ့အသုံးအဆောင် ကုန်ပစ္စည်းများဖြစ်တဲ့(လျှပ်စစ်ပစ္စည်းများ၊ ဖက်ရှင်နှင့်ပတ်သက်သော ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ) စသဖြင့် အမျိုးအစားစုံလင်စွာ ရရှိနိုင်မှာပါ။ Kaymuဟာ လျှင်မြန်စွာတိုးပွားနေတဲ့ ကမ္ဘာ့အွန်လိုင်းဈေးကွက် နိုင်ငံတွေဖြစ်တဲ့ (အာရှ၊ အာဖရိကနှင့် ဥရောပ) တိုက်များရဲ့ နိုင်ငံပေါင်း ၃၀ကျော်တွင်လည်း အောင်မြင်စွာရပ်တည်လျက်ရှိပါသည်။

ကမ္ဘာ့အကြီးဆုံး အင်တာနက်ကုမ္ပဏီများဖြစ်ကြတဲ့ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အတွင်းရှိ အင်တာနက်ကုမ္ပဏီများမှလွဲ၍ ကမ္ဘာ့အကြီးဆုံးအင်တာနက် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေဆဲ Rocket Internet နှင့် Ooredoo တို့၏ တောင့်တင်းသော စီးပွားရေးအင်အားများနှင့်အတူKaymuသည် ၂၀၁၃ ဒီဇင်ဘာလမှစ၍ မြန်မာနိုင်ငံသို့ တရားဝင် စတင်ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးကွက်အား Kaymu မြန်မာ့နံပါတ်တစ် အွန်လိုင်းဝန်ဆောင်မှု ဈေးကွက်က ဝန်ဆောင်မှုပေးရာမှာ အလွန် စိတ်လှုပ်ရှားစေပြီး အွန်လိုင်းစီးပွားရေး လုပ်ငန်းစတင် လုပ်ဆောင်နိုင်ခြင်းကလည်း တကယ့်ကို အချိန်ကောင်း တစ်ခုဖြစ်တယ်လို့ အခိုင်အမာယုံကြည်ထားတဲ့အပြင် မြန်မာနိုင်ငံရဲ့ အင်တာနက် သုံးစွဲသူပမာဏကလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာတာကိုတွေ့မြင်ရတာ ဖြစ်တယ်လို့ ကျွပ်န်ုပ်တို့ရဲ့ Kaymu မှ Country Manager Max Langer ကလည်းဆိုပါတယ်။

ဒါကြောင့် အွန်လိုင်းဈေးကွက်အပေါ် မည်သည့်မြန်မာနိုင်ငံသားမဆို ရောင်းဝယ်မှုများကိုKaymu မှ တဆင့် လွယ်ကူသော နည်းလမ်းများဖြင့် ရောင်းဝယ်နိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ Kaymu အွန်လိုင်းဝန်ဆောင်မှု ဈေးကွက်မှလည်း လွယ်ကူသောလုပ်ငန်းစဉ်၊ ရောင်းဝယ်သူများရဲ့ ယုံကြည်အားထားမှု၊ စိတ်ကျေနပ်မှု၊ လျင်မြန်စွာပစ္စည်းပို့ဆောင်မှု၊ပစ္စည်းရောက် ငွေပေးချေမှု စနစ်တို့နဲ့အတူ မြန်မာနိုင်ငံ၏ အကောင်းဆုံး အွန်လိုင်းဈေးကွက် နေရာကောင်းတစ်ခုအဖြစ် အောင်မြင်စွာရပ်တည်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းဈေးကွက်သည် လျှင်မြန်စွာ ပေါ်ပေါက်လာသည်နှင့်အမျှ အင်တာနက်သုံးစွဲသူများ အဆင်ပြေချောမွေ့စေရန် Kaymu အွန်လိုင်းဈေးကွက်ပေါ် စီးပွားလုပ်ငန်း အကျိုးရှိစေရန် ထောက်ပံ့ပေးလျှက်ရှိသည်။ မြန်မာတစ်နိုင်ငံလုံး ရောင်းဝယ်ဖောက်ကားနိုင်တဲ့ အတိုင်းအတာအနေနဲ့ ရောင်းချသူများကလည်း ဈေးကွက်ချဲ့ထွင်နိုင်မှု၊ ဈေးကွက်ဝေစု ပိုမိုရရှိလာမှုတို့အပြင် ဆိုင်ခန်းခများ သက်သာစေမည့်အစရှိတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိမှာဖြစ်ပြီး ဝယ်ယူသူများအနေနဲ့လည်း Kaymuမှတဆင့် မိမိတို့နေရာဒေသများကို ဂရုပြုရန်မလိုပဲ ၂၄ နာရီပတ်လုံးwebsite နှင့် mobile application တို့ဖြင့် အဆင်ပြေချောမွေ့စွာ ဈေးဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ဝယ်ယူသူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်အောင်လည်း ပစ္စည်းရောက်ငွေပေးချေမှုစနစ် “Cash on Delivery”ကို မိတ်ဆက်ထားပါတယ်။ “Cash on Delivery” စနစ်ဖြစ်တဲ့အတွက် ဝယ်ယူသူများအနေနဲ့ bank account ရှိသူများဖြစ်စေ လွယ်ကူစွာဖြင့်မှာယူနိုင်ပြီး မိမိတို့မှာယူသော ပစ္စည်းများ လက်ထဲရောက်ရှိမှ ငွေပေးချေရမည်ဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် Kaymu သုံးစွဲသူများကို အကောင်းဆုံး အွန်လိုင်းဈေးဝယ်ခြင်း အတွေ့ကြုံရရှိစေရန် Kaymuမှအာမခံပေးလျက်ရှိပြီး ကျွှှန်ုပ်တို့customer service နှင့် social media အဖွဲ့တို့ကိုလည်း သင်တို့ဈေးဝယ်ရာတွင် အခက်ရှိခဲ့လျှင် အကောင်းဆုံး ဝန်ဆောင်မှုများကို အချိန်မရွှေး ပေးနိုင်ရန်စီစဉ်ထားပါသည်။

Kaymuအကြောင်း
Kaymuသည် တိုးတက်လာသော စီးပွားရေးဈေးကွက်များအတွက် အကြီးမားဆုံးနှင့် စိတ်ချမှုအရှိဆုံး အွန်လိုင်းဈေးကွက် တစ်ခုဖြစ်ပါသည်။ Kaymuသည် ရောင်းသူနှင့်ဝယ်သူများကို တွေ့ဆုံစေပြီး ပိုမိုသက်သာသော ဈေးှနှုန်းများဖြင့် အကောင်းဆုံးကုန်ပစ္စည်းအမျိုးအစားများ၊ လူ့အသုံးဆောင်ပစ္စည်းများ (လျှပ်စစ်ပစ္စည်းများ၊စာအုပ်များ၊ ဖက်ရှင်နှင့်ပက်သက်သော ပစ္စည်းများ၊ စက်ပစ္စည်းများနှင့် မော်တော်ကားများ)ကို ရောင်းဝယ်နိုင်ပါသည်။ Kaymu မှ ဈေးနှုန်းသက်သာသော ပစ္စည်းများကို အသုံးပြုသူများအနေဖြင့် အမြဲရှာဖွေနိုင်မည်ဟု အာမခံချက်နှင့်အတူ ပုံသေဈေးနှုန်း သုံးထားသော စနစ်ကိုလည်း စီစဉ်ထားပါသည်။အာရှပစိဖိတ်အင်တာနက်အဖွဲ့ (APACIG), Rocket Internet နှင့် Ooredoo အကျိုးတူ လုပ်ငန်းစုတို့သည် အရှေ့အလယ်ပိုင်းဒေသတွင် အင်တာနက်ဈေးကွက်ကို ဦးဆောင်နေပြီး ဒေသတွင်းရှိ အင်တာနက်ကုမ္ပဏီများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ Rocket Internet သည် ၂၀၁၄ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး APACIG သည် Asia Pacificအတွင်းတွင် အသစ်ဖြစ်သော စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းသစ် စွန့်စားလိုသူများကို တိုးတက်သစ်လွင်လာသော အွန်လိုင်းယဉ်ကျေးမှူတို့ဖြင့် ထောက်ပံ့ပေးလျက်ရှိသည်။ အာရှပစိဖိတ် အင်တာနက်ကွန်ယက်အဖွဲ့  APACIG သည် အာရှပစိဖိတ် နိုင်ငံ၁၀ နိုင်ငံတွင်ပါဝင်ပြီး နိုင်ငံပေါင်း၁၅နိုင်ငံတွင် လုပ်ဆောင်လျက်ရှိသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive