MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2014-07-04

Ooredoo ဆင်းမ်ကတ်၌ မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာ Appကို အခမဲ့အသုံးပြုနိုင်မည်

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
Ooredoo ဆင်းမ်ကတ်၌ မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာ Appကို အခမဲ့အသုံးပြုနိုင်မည်

Ooredooသည် Koe Koe Techနှင့် ပူးပေါင်း၍ မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာ Appတစ်ခုကို ရေးဆွဲနေပြီး အဆိုပါအက်ပလီကေးရှင်းကို ၎င်းတို့၏ မိုဘိုင်းဆင်းမ်ကတ်များ၌ အခမဲ့ရယူအသုံးပြုခွင့် ပေးသွားမည် ဟုသိရသည်။

Ooredoo၏ အဆိုအရ မြန်မာနိုင်ငံရှိ မိခင်များ၏ ၇၀ ရာခိုင်နှုန်းသည် စနစ်တကျလေ့ကျင့်ထားသော ကျန်းမာရေးစောင့်ရှောက်မှု မပါဘဲနှင့် ကလေးမွေးဖွားကြသည်ဟု သိရသည်။ ၎င်းတို့၏မိုဘိုင်း အက်ပလီကေးရှင်းသည် စောင့်ရှောက်မှုကင်းမဲ့နေသည့် အဆိုပါမိခင်များအတွက် များစွာအကျိုးရှိမည်ဟုလည်း ပြောဆိုခဲ့သည်။ Koe Koe Tech နှင့် Ooredooတို့ ပူးပေါင်းဖန်တီးမည့် အထက်ပါ အက်ပလီကေးရှင်းကို မြန်မာဘာသာနှင့် အသုံးပြုနိုင်မည်ဖြစ်ပြီး မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာအတွက် တစ်ပတ်လျှင် သုံးကြိမ်ခန့် အသိပေးမှုများပြုလုပ် ပေးသွားမည်ဟု သိရသည်။

အက်ပလီကေးရှင်းမှ ပေးပို့သည့် အချက်အလတ်များသည် Mobile Alliance for Maternal Actionနှင့် PSIတို့မှ ဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ၊ ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးရမည့် ဆေးဝါများ၊ ဆေးဝါးသောက်သုံးချိန်များအပြင် နေထိုင်ရာဒေသ အနီးအနားမှ ဆရာဝန်များကိုလည်း လမ်းညှွှန်ပေးသွားမည်ဟု သိရသည်။ အက်ပလီကေးရှင်းနှင့် ပတ်သက်၍ Ooredoo၏စီအီးအိုဖြစ်သူ Ross Cormackက မြန်မာနိုင်ငံသည် ဒီဂျစ်တယ်နည်းပညာဆိုင်ရာနှင့် ဖြေရှင်းမှုများစွာ လိုအပ်နေကြောင်း၊ အထူးသဖြင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကဏ္ဍ၌ လိုအပ်နေပြီး ယခုဖန်တီးသည့် အက်ပလီကေးရှင်းသည် ထိရောက်သည့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိလာတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ooredoo နှင့်ပူးပေါင်းထားသည့် Koe Koe Tech ဆိုသည်မှာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာစနစ်သို့ တီထွင်တည်ဆောက်သည့် ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်ပြီး မိုဘိုင်းကျန်းမာရေး စောင့်ရှောက်မှု ထွန်းကားလာရန်အတွက် ပံ့ပိုးကူညီနေသည့် ကုမ္ပဏီလည်းဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံဆေးကောင်စီ၊ ရန်ကုန် ကလေးဆေးရုံကြီး၊ အာရှတော်ဝင် ဆေးရုံအပါအဝင် မိုက်ခရိုဆော့ဖ်ကဲ့သို့သော အဖွဲ့အစည်းကြီးများနှင့်လည်း ဆက်သွယ်မှုရှိကြောင်း သိရသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive