PSB Academy Partner သစ် University ၏ February ကျောင်းဖွင့်ချိန်ကို လျှောက်ထားလိုသူများ SGD 2,000 Scholarship ပေးအပ်သွားမည်။
By Team ICT.com.mm

Tourism နှင့် Hospitality ဘာသာရပ်ကို စိတ်ပါဝင်စားသူ ကျောင်းသူ၊ ကျောင်းသားတို့ အတွက် စင်ကာပူနိုင်ငံရှိ PSB Academy ၏ Partner University သစ် တစ်ခုဖြစ်သည့် Edinburgh Napier University , UK တွင် February လ ကျောင်းဖွင့်ချိန် အမှီ လျှောက်ထားပါက SGD 2,000 ပေးသွားမည် ဖြစ်ကြောင်း STUDY ABROAD Information Centre မှ သိရှိရပါသည်။
Edinburgh တွင် Tourism နှင့် Hospitality ဘာသာရပ်ကို အထူး စိတ်ပါဝင်စားသည့် ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့် Bachelor of Arts/ Bachelor of Arts (Hons) Festival & Event Management , Hospitality & Marketing Management ,Hospitality & Tourism Management, Hospitality Management with Human Resource Management, Tourism & Marketing Management, Tourism Management with Human Resource Management Bachelor Degree များကို ရယူနိုင်မည် ဖြစ်ပါသည်။
ထို့ပြင် Postgraduate Degree များ အနေနှင့် Master of Science (Business Management) Entrepreneurship, Human Resource Management, Marketing Sales) တို့အပြင် Master of Science ( International Business Management) Degree တို့ကို ရယူနိုင်မည် ဖြစ်ပါသည်။
Bachelor Degree များအတွက် (၁၆) လ တက်ရောက်ရမည် ဖြစ်ပြီး Hons တန်းကိုပါ တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့် (၂၄) လ တက်ရောက်ရမည် ဖြစ်ပါသည်။ Master တန်းအတွက် (၁) နှစ်တက်ရောက်ရမည် ဖြစ်ပါသည်။
အကောင်းဆုံး Private School များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Edu Trust (4) နှစ် ရရှိထားသည့် PSB Academy ၏ SGD 2,000 ကို ရယူလိုသည့် ကျောင်းသူ ၊ ကျောင်းသားများ STUDY ABROAD Information Centre ဒိုင်းမွန်းကွန်ဒို ၊ တိုက် (အေ)၊ (၁၁ လွှာ)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ် ။ ဖုန်း ဝ၉ ၅၁၅၁ ဝ၀၈ နှင့် ဝ၉ ၇၃ ၂၄၂၄ ဝ၄ တို့တွင် အမြန်ဆုံး လျှောက်ထား နိုင်မည် ဖြစ်ပါသည်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
