MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2015-09-29

Motors.com.mm ရှိ ရောင်းချရန်ကားများကို Beetalk မှတဆင့် ကြည့်ရှုဝယ်ယူနိုင်ပြီ။

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.
Motors.com.mm ရှိ ရောင်းချရန်ကားများကို Beetalk မှတဆင့် ကြည့်ရှုဝယ်ယူနိုင်ပြီ။

အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက် Motors.com.mm သည် လူမှုဆက်သွယ်ရေး Application တစ်ခုဖြစ်သည့် Beetalk တွင်လူထုအကောင့် (Public Account) တစ်ခုကို ဖွင့်လှစ်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါ Public Account တွင် Motors.com.mm ရှိ ရောင်းချရန်ကားများ၊ မော်တော်ယာဉ်နှင့်ပက်သက်သည့် ဆောင်ရန်ရှောင်ရန်များ၊ ကားနည်းပညာဆိုင်ရာ ဆောင်းပါးများ၊ မြန်မာမော်တော်ယာဉ်ဈေးကွက်၏ နောက်ဆုံးရ သတင်းများကို အချိန်နှင့်တပြေးညီ ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။ Motors.com.mm သည် မြန်မာ့ကားဈေးကွက်၏ ၉၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် အွန်လိုင်းကားအရောင်း အဝယ်ဈေးကွက်တစ်ခုဖြစ်သည့် အားလျှော်စွာ ပြည်တွင်းကားဈေးကွက်အတွင်းရှိ ကားအရောင်းအဝယ်ပြုလုပ်သူများ၏ အရည်အသွေးပိုင်းတွင် ယုံကြည်စိတ်ချနိုင်သည့် ရောင်းချရန်ကားကောင်း ကားသန့်များကို ယခုဖွင့်လှစ်လိုက်သည့် Beetalk Public Account တွင် လေ့လာကြည့်ရှုပြီး ရောင်းချသူနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည် ဖြစ်သည်။

Motors.com.mm ၏ Beetalk Public Account ဖွင့်လှစ်ခြင်းနှင့် ပက်သက်၍ Motors.com.mm ၏ Managing Director Ms.Rianne Roggema က “ မြန်မာနိုင်ငံက ကားဝယ်သူတွေအနေနဲ့ ကားဝယ်ရာဖို့ဆုံးဖြတ်ရာမှာ အဆင်ပြေလွယ်ကူစေဖို့နဲ့ ကားတွေကို လွယ်ကူစွာရှာဖွေနိုင်မယ့် ဝန်ဆောင်မှုမျိုးပေးနိုင်ဖို့ Motors.com.mm က အမြဲအသင့်ရှိပါတယ်။ Beetalk က မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Social Chatting App တစ်ခုလည်းဖြစ်တဲ့အပြင် ဗဟုသုတရစရာ Public Account ကဏ္ဍလည်း ပါဝင်တာကြောင့် Chatting App သုံးရင်း ကားဝယ်လို့ရနိုင်မှာပါ။ ဒါ့အပြင်ကားရဲ့ အင်ဂျင်ပိုင်းဆိုင်ရာ၊ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ဗဟုသုတတွေကို လူငယ်တွေအနေနဲ့ လေ့လာနိုင်မှာပါ ” ဟု မှတ်ချက်ပြု ပြောကြားသည်။ “ Beetalk က သုံးစွဲသူဦးရေ ခုနှစ်သန်းရှိတဲ့ Social Chatting App တစ်ခုဖြစ်ပြီး လူငယ်ပိုင်းအသုံးများပါတယ်။ ကားနဲ့ဆိုင်တဲ့ ဗဟုသုတတွေ၊ အသုံးဝင်မယ့် နည်းလမ်းတွေကို Beetalk ကတဆင့် လူငယ်တွေကို အသိပညာပေးနိုင်မယ့်အပြင် အွန်လိုင်းမှာ စကားစမြည်ပြောရင်း ကားဝယ်နိုင်တော့မှာပါ ” ဟု Beetalk ၏ Public Relations Executive မမေမြသူ ပြောကြားသည်။

Beetalk သည် မြန်မာတစ်နိုင်ငံလုံးအနှံ့ သုံးစွဲသူဦးရေ (၇) သန်းခန့်ရှိသည့် မြန်မာနိုင်ငံရှိ လူသုံးအများဆုံး လူမှု ဆက်သွယ်ရေး Social Chatting App တစ်ခုဖြစ်သည်။ အခမဲ့ဖုန်းခေါ်ဆိုခြင်း၊ အခမဲ့စာတိုပေးပို့ခြင်း၊ အနီးပတ်ဝန်းကျင်ရှိ မိတ်ဆွေသူငယ်ချင်းများနှင့် စကားစမြည်ပြောဆိုနိုင်ခြင်း၊ နယ်ပယ်အသီးသီး၏ Public Account များမှ ဗဟုသုတရဖွယ် သတင်းအချက်အလက်များကို လေ့လာနိုင်ခြင်းတို့ကြောင့် သုံးစွဲသူဦးရေ လျှင်မြန်စွာတိုးတက်နေသည့် Social Chatting App တစ်ခုဖြစ်ခြင်းကြောင့် Motors.com.mm အနေဖြင့် Beetalk တွင် Public Account ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ Beetalk သုံးစွဲသူများအနေဖြင့် Beetalk >> Contacts >> Public Account >> Add သို့ ဝင်ရောက်ပြီး BeetalkID ဖြစ်သည့် “ motorsmm ” ဟု ထည့်သွင်းရှာဖွေပြီး Motors.com.mm ကို Follow လုပ်ထားခြင်းဖြင့် ပြည်တွင်းကားဈေးကွက်အခြေအနေကို သိရှိနိုင်မည်ဖြစ်သည်။

Carmudi အကြောင်း

Carmudi.com ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကာတာ၊ ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ မက္ကဆီကို၊ ဘင်္ဂလားဒစ်ရှ်၊ ကင်မရွန်း၊ ကွန်ဂို၊ ဂါနာ၊ အိုင်ဗရီကိုစ့်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီနီဂေါ်၊ သီရိလင်္ကာနှင့် တန်ဇေးနီးယားနိုင်ငံများတွင် လုပ်ငန်းလည်ပတ်လျှက်ရှိသည်။ ကားဝယ်လိုသူများ၊ ကားရောင်းချသူများနှင့် ကားအရောင်းအဝယ် ပြုလုပ်သူများအနေဖြင့် ကားများ၊ ဆိုင်ကယ်များနှင့် စီးပွားရေးလုပ်ငန်းသုံး ယာဉ်များကို အွန်လိုင်းတွင် လွယ်ကူစွာရှာဖွေနိုင်ရန် ဝန်ဆောင်မှုပေးထားသည့် အွန်လိုင်းမော်တော်ယာဉ် ဈေးကွက်တစ်ခု ဖြစ်သည်။

Motors.com.mm အကြောင်း

Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ်အရောင်းပြခန်းပေါင်း (၂၂၀)၊ ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ရောင်းဝယ်ရေး စခန်းလေးခုရှိ မော်တော်ယာဉ်အကျိုးဆောင်များ၊ တစ်သီးပုဂ္ဂလ မော်တော်ယာဉ် ရောင်းဝယ်သူများ စသည့် ပြည်တွင်းမော်တော်ယာဉ်ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူများ၏ (၉၅) ရာခိုင် နှုန်းကျော်နှင့် ချိတ်ဆက်ထားပြီး လုပ်ငန်းလည်ပတ်လျက်ရှိသော ဆောင်ရွက်လျက်ရှိသော အွန်လိုင်းအခြေပြု မော်တော်ယာဉ်ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်ပါသည်။ Motors.com.mm သည် ဂျာမနီအခြေစိုက် အွန်လိုင်းအခြေပြုစီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည့် Rocket Internet ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းအခြေပြု ကားအရောင်းအဝယ်လုပ်ငန်း Carmudi.com ၏ မြန်မာနိုင်ငံကိုယ်စားပြု ဝက်ဘ်ဆိုက်ဒ် တစ်ခုဖြစ်သည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive