MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2014-01-31

Samsung က Galaxy Grand Neo ကို တရား၀င် ထုတ်ဖော်ပြသ

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
Samsung က Galaxy Grand Neo ကို တရား၀င် ထုတ်ဖော်ပြသ

Samsung Galaxy Grand Neo သို့မဟုတ် Galaxy Grand Lite ထွက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ ယခုအခါ Samsung က Galaxy Grand Neo အား တရား၀င်ထုတ်ဖော်ပြသခဲ့ပြီဖြစ်ပါတယ်။

Samsung Galaxy Grand Neo မှာ ၅လက်မ Display တပ်ဆင်ထားပြီး 800 x 480 Pixels Resolution ပါရှိပါတယ်။ 1.2 GHz Quad-Core A7 chipset နဲ့ 1 GB RAM တပ်ဆင်ထားပါတယ်။ အနောက်ဘက်တွင် 5 Megapixel ကင်မရာနဲ့ မျက်နှာချင်း ဆိုင်တွင် VGA ကင်မရာ တပ်ဆင်ထားပြီး Internal Memory 8 GB နှင့် MicroSD card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Samsung ရဲ့နောက်ဆုံးထွက်ရှိတဲ့ Galaxy Grand Neo မှာ အခြားဆက်သွယ်မှုများကို အသုံးပြုလို့ရပေမယ့် 4 G LTE ကိုတော့ အသုံးပြုနိုင်ခြင်းမရှိပါ။ Android 4.2 Jelly Bean မောင်းနှင်လည်ပတ်မှာ ဖြစ်ပြီး 2,100mAh Battery တပ်ဆင်ထားပါတယ်။

Samsung Galaxy Grand Neo ကို $355 ဖြင့် နယ်သာလန် Online Store တွင် စျေးနှုန်းသတ်မှတ်ထားပြီး ၂၄ နာရီအတွင်း ပို့ဆောင် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ အခြားစျေးကွက်များသို့လည်း မကြာမီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive