၂၀၁၄-၂၀၁၅ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာဖြေဆိုနိုင်သောကျောင်းသား/သူများကို KMD Computer Centre မှ Scholarship များပေးအပ်သွားမည်။
By Team ICT.com.mm

KMD Computer Centre မှ ၂၀၁၄-၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာဖြေဆိုနိုင်သောကျောင်းသား၊ ကျောင်းသူများအတွက် Greenwich University ( UK ) မှပေးအပ်သောကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်းအားတက်ရောက်ရန်အတွက် ပညာတော်သင်ဆုများပေးအပ်သွားမည် ဖြစ်ပါတယ်။ Greenwich University ( UK ) ၏ ကွန်ပျူတာသိပ္ပံဘွဲ့သင်တန်း ပထမနှစ်အားဂုဏ်ထူးအရေအတွက်အလိုက် ပညာတော်သင်ဆုများချီးမြှင့်သွားမည် ဖြစ်ပါတယ်။ ဘာသာစုံဂုဏ်ထူးရှင် နှင့် ၅ ဘာသာဂုဏ်ထူးရှင်များအတွက် ၁၀ဝ%၊ ၄ ဘာသာဂုဏ်ထူးရှင်များအတွက် ၅၀%၊ ၃ ဘာသာဂုဏ်ထူးရှင်များအတွက် ၄၀%၊ ၂ ဘာသာနှင့် ၁ ဘာသာဂုဏ်ထူးရှင်များအတွက် ၂၀% စသည်ဖြင့် ပညာတော်သင်ဆုများကိုပေးအပ်သွားပါမည်။ စကော့တလန် အရည်အချင်းစစ်အဖွဲ့ ( SQA ) မှအသိအမှတ်ပြုပြီး အင်္ဂလန်နိုင်ငံမှတိုက်ရိုက် ပေးအပ်သောအဆင့်မြင့် ဒီပလိုမာသင်တန်း HND ကိုလည်း ၂၀၁၄-၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူ မည်သူမဆိုသင်တန်းကြေးကင်းလွှတ်ခွင့် ၅၀% အား KMD မှ ပညာတော်သင်ဆု အဖြစ်ပေးအပ်မှာဖြစ်ပါတယ်။
နယ်မှလာရောက် တက်ရောက်မည့်သူများအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်လည်း စီစဉ်ပေးပါသည်။ သင်တန်းကြေးများကိုလည်း အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်မည်ဖြစ်ပါတယ်။ ကျောင်းတဖက်၊ ရုံးတဖက် နှင့် တက်ရောက်လိုသူများအတွက်လည်း ကျောင်းချိန်လွှတ်၊ ရုံးချိန်လွှတ်ညနေပိုင်းသင်တန်းများ၊ စနေတနင်္ဂနွေ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ KMD အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာ နှင့် ဘွဲ့သင်တန်းများကို ၂၀၁၁ နှစ်မှ စပြီးအရေအတွက် အကန့်အသတ်မရှိ ပညာတော်သင်ဆုများ ပေးအပ်ချီးမြှင့်လျက်ရှိပြီး အခုအချိန်မှာဆိုရင်တော့ ကျောင်းသားပေါင်း ၇၀ဝ ကျော်၊ ပညာတော်သင်စရိတ် သိန်း ၄ ထောင်ကျော် ကိုပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု IT ပညာရှင်တယောက်အဖြစ် ရပ်တည်လိုသူများအတွက် KMD Computer Centre မှ ဖွင့်လှစ်သောကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်းအားတက်ရောက်နိုင်ပါတယ် ။ အသေးစိတ် သိရှိလိုပါ ဖုန်း KMD 01-700-895 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
