အသက် ၉၁ နှစ်အရွယ် အဖွားအိုနဲ့ ချစ်ကြိုက်တဲ့ ၃၁ နှစ်အရွယ် အမျိုးသား
By Thu Ya
အနောက်နိုင်ငံတွေမှာတော့ အသက်အရွယ်ကွာခြားတဲ့ စုံတွဲတွေဟာ မဆန်းတော့ပါဘူး။ မက်ဒေါနားတို့ စုံတွဲ၊ Michael Douglasနဲ့ Catherine Zeta-Jonesတို့ စုံတွဲတွေဟာ အသက် ၂၅ နှစ်လောက် ကွာခြားကြပါတယ်။ ဒါပေမယ့် အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်သူ Kyle Jonesက ၉၁ နှစ်အရွယ်အဖွားအိုနဲ့ ချစ်ကြိုက်နေတယ်ဆိုတာ အလွန်အံ့သြစရာ ဖြစ်ပါတယ်။
Kyleဟာ အမေရိကန်ပြည်ထောင်စု ဂျောဂျီယာပြည်နယ်ရှိ သြဂတ်စတာမြို့မှာ နေထိုင်ပြီး အသက်အရွယ်ကြီးတဲ့ အမျိုးသမီးများကို တစ်ချိန်ထဲမှာ ရည်းစားထားတတ်ပါတယ်။ သူဟာ အသက်ငါးဆယ်အရွယ် သူ့အမေနဲ့ သူ့ရဲ့ ရည်းစားများကို တွေ့ဆုံပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်မှာတော့ သူဟာ အသက် ၉၁ နှစ်အရွယ် အဖွားအို Marjorie McCoolနဲ့ ချစ်ကြိုက်နေခဲ့ပါတယ်။
အသက် ခြောက်ဆယ်လောက် ကွာဟနေမေယ့်လည်း သူတို့စုံတွဲဟာ ပျော်စရာကောင်းတဲ့ လိင်ဆက်ဆံရေးကို ရရှိနေကြပြီး လက်တွဲမဖြုတ်ကြဘဲ အလွန်ချစ်ခင်ကြပါတယ်။ “လူတစ်ယောက်နဲ့တစ်ယောက်ဟာ မတူညီကြပါဘူး။ အချို့က ငွေရောင်ဆံကေသာနဲ့ အမျိုးသမီးတွေကိုချစ်ကြပါတယ်။ အချို့ကတော့ ဆံပင်အနက်ရောင်ကို ကြိုက်ကြပါတယ်။ အချို့ကျတော့လည်း ယောင်္ကျားချင်းကြိုက်ကြပါတယ်။ ကျွန်တော်ကတော့ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးများကို ကြိုက်ပါတယ်။” လို့ Kyleက ပြောပါတယ်။
သူဟာ အသက်၁၈နှစ်အရွယ်မှာ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးများကို စတင် စိတ်၀င်စားခဲ့ပြီး အသက်ငါးဆယ်အရွယ် အမျိုးသမီးနဲ့ လိင်ဆက်ဆံခဲ့ပါတယ်။
အခုအချိန်မှာတော့ Kyleဟာ Dating Websiteတွေကို အသုံးပြုပြီး အသက်အရွယ်ကြီးတဲ့ အမျိုးသမီးများကို ရှာဖွေလေ့ရှိသလို နေ့စဉ်နေ့တိုင်း စာရိုက်စကားပြောဆိုကြပါတယ်။ သူကြိုက်တဲ့ ပျမ်းမျှအသက်အရွယ်က ၆၀ ကနေ ၈၀ အတွင်း ဖြစ်ပါတယ်လို့ သူကပြောပါတယ်။
သူဟာ တရားဥပဒေအရ လူပျို ဖြစ်ပေမယ့် တစ်ချိန်ထဲမှာ အမျိုးသမီးငါးယောက်ကို ချိန်းတွေ့လေ့ရှိပြီး သူ့အမေနဲ့ တွေ့ဆုံပေးလေ့ရှိပါတယ်။
၂၀၀၉ ခုနှစ်မှာ သူဟာ စာအုပ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ Marjorieနဲ့ စတင်တွေ့ဆုံခဲ့ပြီး ဖုန်းနံပါတ်တောင်းခဲ့ပါတယ်။ Marjorieဟာ ခင်ပွန်းနဲ့ ကွာရှင်းပြီးတာ ၃၇ နှစ်ရှိပြီ ဖြစ်ပြီး ကလေး ခြောက်ယောက်ရှိပါတယ်။ သူမဟာ သူနဲ့ ချိန်းတွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“အစပိုင်းမှာတော့ အခြားအမျိုးသမီးတွေနဲ့ ပါချိန်းတွေ့နေတဲ့ သူ့ကို ကျွန်မ မနာလိုဖြစ်ခဲ့ပေမယ့် သူဟာ ကျွန်မဆီပဲ ပြန်လာပြီး ကျွန်မဟာ သူ့အတွက် အကောင်းဆုံးလို့ ပြောလေ့ရှိပါတယ်
လူတွေဟာ ကျွန်မတို့ နှစ်ယောက်ကို တွေ့ရင် အမေနဲ့ သား ဒါမှမဟုတ် အဖွားနဲ့ မြေးလို့ ထင်ကြပါတယ်။” လို့ သူမက ပြောပါတယ်။
သူဟာ နှစ်သက်တဲ့ အမျိုးသမီးကို လက်ထပ်ပြီး အခြေချချင်ပေမယ့် အမျိုးသမီးဟာ သူ့ထက်အရင် စောစီးစွာ သေဆုံးမှာ ဖြစ်တဲ့အတွက် အခက်တွေ့နေပါတယ်။
လူအချို့က အရွယ်ကြီးတဲ့ အမျိုးသမီးများကို ကြိုက်တဲ့ သူ့ကို သိုက်တူးသမားလို့ ပြောကြပေမယ့် သူက ငြင်းပယ်ခဲ့ပါတယ်။ သူဟာ ငွေကြေးချမ်းသာသလို ဆင်းရဲတဲ့ အမျိုးသမီးများစွာနဲ့ ချစ်ကြိုက်ခဲ့ပေမယ့် ငွေကြေးကြောင့်မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ မိခင်ဖြစ်သူ Cecella Jones Clarkက အစပိုင်းမှာ သူ့သားဟာ ဒီပြဿနာကို ကျော်ဖြတ်နိုင်မယ်လို့ ထင်ခဲ့ပါတယ်။ အခုတော့ သူ့သားဟာ အသက်ကြီးတဲ့ အမျိုးသမီးနဲ့ ဘ၀တစ်ခု ထူထောင်ဖို့ ကြံရွယ်နေတာလား ဒါမှမဟုတ် ခဏတာ စိတ်ကစားနေတာလားဆိုတာ သူမ သေချာမပြောနိုင်တော့ပါဘူး။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive


