MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Review · 2014-10-03

စက်တင်ဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၁၂ ရက်ထိသီတင်းကျွတ် အထူးဈေးရောင်းပွဲတော်

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.
စက်တင်ဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၁၂ ရက်ထိသီတင်းကျွတ် အထူးဈေးရောင်းပွဲတော်

KMD မှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ရန်ကုန် ပန်းဆိုးတန်း၊ မြေနီကုန်း၊ လမ်းမတော်၊ တာမွေ၊ မန္တလေး 77 Mobile & IT Mallနှင့် နေပြည်တော် KMD Sales Center ကြီးများမှာ သီတင်းကျွတ်ကာလအတွင်း (စက်တင်ဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၁၂ ရက်ထိ) ဝယ်ယူအားပေးကြတဲ့ ပရိတ်သတ်များကို ကျေးဇူးတုံ့ပြန်သောအနေဖြင့် ဂါရဝပြု မေတ္တာလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ KMDမှ မည်သည့် Notebookကိုမဆို ဝယ်ယူအားပေးသူများအနေဖြင့် ကျပ် ၁သောင်းခွဲကျော်တန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်း (၈) မျိုး ရရှိမည်ဖြစ်ပြီး Smartphoneနှင့် Tablet ဝယ်ယူသူများအနေဖြင့် ကျပ် ၈၀ဝ၀ကျော် တန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်း (၃) မျိုးရရှိမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် KMD မှာ မည်သည့်ပစ္စည်းကိုမဆို ဝယ်ယူအားပေးသူများအနေဖြင့် KMD Education မှ Applicationနှင့် Professional Courses များအား သင်တန်းကြေးကင်းလွှတ်ခွင့် 10% ရရှိမည်ဖြစ်ပါသည်။

မည့်သည့် Mobile Phoneနှင့် Tablet ကိုမဆို ဝယ်ယူသူများအနေဖြင့် Mobile Courses I,II ကို 30% Discount( hTC နှင့် Lenovo Brand များဖြစ်ပါက 50% Discount) သို့မဟုတ် Mobile Repair သင်တန်းကို 15% Discount သို့မဟုတ် Mobile Application Development with Android Platform သင်တန်းကို 20% Discount များကို ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ တက်ရောက်လိုသူများအနေဖြင့် မိမိနာမည်၊ ဖုန်းနံပါတ်နှင့် ပစ္စည်း Voucher နံပါတ်ပေးအပ်ထားရုံဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့အထိ သင်တန်းအပ်နှံပါက Discount ခံစားခွင့်များရရှိမည်ဖြစ်ပါတယ်။ မိမိကိုယ်တိုင် မတက်ရောက်လိုလျှင်လည်း မိမိတက်ရောက်စေလိုသော မိသားစုမိတ်ဆွေများအတွက် Register ပြုလုပ်ထားပေးနိုင်ပါကြောင်း သိရှိရပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက KMD ဖုန်း – ၃၈၁၁၂၉ : ၃၈၁၀၃၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive