တိုင်ပေကုန်သွယ်ရေးမစ်ရှင် ရန်ကုန်သို့ လာမည်
By Kan Gyi

ထိုင်ဝမ် ကုန်သွယ်ရေး စင်တာမှ စီစဉ် သည့် ၂၀၁၃ခုနှစ်၊ တိုင်ပေမြို့တော်သစ် ကုန်သွယ်ရေးအဖွဲ့ ခရီးစဉ် (2013 New Taipei City Trade Mission)အဖြစ် ဇူလိုင် လ ၃၁ရက်နေ့တွင် ရန်ကုန်မြို့တော်၌ ကုန် သွယ်ရေး ဆွေးနွေးပွဲ ကျင်းပမည်ဖြစ် ကြောင်း၊ ထိုင်ဝမ် ကုန်သွယ်ရေး စင်တာ (Taiwan Trade Center)က ကြေညာသည် ဟု သိရသည်။
နှစ်နိုင်ငံ ကုန်သည်များအကြား ပိုမိုပူး ပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သော အဆိုပါ ခရီးစဉ်အတွင်း ထိုင်ဝမ်မှ လုပ်ငန်း ရှင် ၄၀ကျော်လိုက်ပါလာမည်ဖြစ်ပြီး၊ မြန်မာ နိုင်ငံအပြင် ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့သို့ပါ သွားရောက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ ယင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုင်ဝမ်ကုန်သွယ်ရေးစင်တာသည် မေလ အတွင်းက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာနမှ ရုံးခွဲဖွင့်လှစ်ခွင့် ရရှိခဲ့ပြီး ဗဟန်း မြို့နယ် သံလွင်လမ်းတွင် ရုံးခန်းဖွင့်လှစ် ထားကြောင်း သိရသည်။
ယခု ခရီးစဉ်အတွင်း သတ္တုနှင့် ကုန်မာ ပစ္စည်းများ၊ စက်မှုထုတ်ကုန်များ၊ လျှပ်စစ် နှင့် စွမ်းအင်စက်ရုံ တည်ဆောက်ရေး ပစ္စည်းများ၊ အိမ်သုံး အီလက်ထရောနစ် ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များ၊ Software ထုတ်ကုန်များ၊ ဆက်သွယ် ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ မော်တော် ယာဉ် အစိတ်အပိုင်းများ၊ ဆေးရုံနှင့် ကျန်း မာရေး လုပ်ငန်းသုံး ပစ္စည်းများ၊ လုံခြုံရေး လုပ်ငန်းသုံး ပစ္စည်းများ စသည့် ထိုင်ဝမ်မှ ကုန်ပစ္စည်းထုတ်လုပ်သူ လုပ်ငန်းရှင်များပါ လိုက်လာကြမည် ဖြစ်သည်။
ထိုင်ဝမ်က ASUS, Acer, hTCတို့လို နည်းပညာပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ က ကိုယ်စားလှယ်တွေ ပါလာမယ်ဆိုရင် စိတ်ဝင်စားကြောင်း စက်ယန္တရား အစိတ် အပိုင်းများ ထုတ်လုပ်သည့် စက်မှုလုပ်ငန်း တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ပြောကြားသည်။ မေလအတွင်းကလည်း ထိုင်ဝမ်မှ ကုန်သည် အဖွဲ့တစ်ဖွဲ့ မန္တလေး မြို့တော်သို့ လာရောက်ခဲ့ပြီး၊ မန္တလေး အခြေစိုက် ကုန်သည်များ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
