Facebookထက် NSAက သင့်ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို ရယူသူပါ။
By Thu Ya

ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို ချိုးဖောက်တဲ့ သတင်းကြီးနှစ်ပုဒ် မကြာမီက ထွက်ရှိခဲ့ပါတယ်။ တစ်ခုက Facebookဟာ News Feedများမှာ ပြသတဲ့ ပို့စ်တွေကို ပြောင်းလဲခဲ့တာနဲ့ နောက်တစ်ခုက အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီရဲ့ ရာဇ၀တ်မှုနဲ့ မဆိုင်သူများကို ထောက်လှမ်းမှုဖြစ်ပါတယ်။
Facebookရဲ့ အသုံးပြုသူများအပေါ် စိတ်ခံစားမှုများ ကူးစက်စေတဲ့ စမ်းသပ်မှုက အခြား သတင်းများထက် ရေပန်းစားခဲ့ပါတယ်။ Washington Postရဲ့ ကြောက်စရာကောင်းတဲ့ NSAရဲ့ သတင်းအချက်အလက်များ ရယူတဲ့ Edward Snowdenရဲ့ ဖွင့်ဟချက်သတင်းက Facebookလောက် လူစိတ်၀င်စားမှုမရပါဘူး။
Topsy Labsရဲ့ Twitter စစ်တမ်းမှာ Facebookစမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ တွတ်ထိုးမှုဟာ ဇွန် ၂၉ မှာ ၂၃၇၆၇ ရှိပြီး NSA သတင်းကို တွတ်ထိုးမှုဟာ ဇူလိုင် ငါးရက်မှာ ၇၀၉၂ ရှိပါတယ်။
Google Newsမှာလည်း Facebook စမ်းသပ်မှုဟာ NSAထက် ခုနစ်ဆများပြားတယ်လို့ ဆိုပါတယ်။
ဒါဟာ မှားနေပါတယ်။
NSAက Facebookထက် အစွမ်းထက်ပါတယ်။
Facebookနဲ့ NSAတို့ရဲ့ ဒေတာကောက်ယူမှုပုံစံ ကွာခြားမှုကို လေ့လာကြည့်ရအောင်။
• Facebookက သင်နဲ့ သင့်သူငယ်ချင်းတွေရဲ့ ဒေတာတွေကို ရယူဖို့အတွက် သင်နဲ့ သင့်သူငယ်ချင်းတွေက ပေးမှရတာပါ။ NSAက အမေရိကန်နိုင်ငံသားတွေရဲ့ ဒေတာတွေကို မရယူဘူးလို့ ဆိုခဲ့ပေမယ့် မကြာမီက ထွက်ပေါ်ခဲ့တဲ့သတင်းအရ NSAဟာ အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Google, Yahooတို့ ထံမှ တစ်ကမ္ဘာလုံးရဲ့ ဒေတာတွေကို ရယူတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အမေရိကန်နိုင်ငံသားတွေရဲ့ ဒေတာတွေပါ၀င်ပါတယ်။
• Facebookရဲ့ Privacy Policyဟာ မကြာခဏပြောင်းနေပေမယ့် တရား၀င်ကြေညာ အသိပေးပါတယ်။ နောက်ပြီး အသုံးပြုသူတွေရဲ့ ဒေတာတွေကို သူတို့ ခွင့်ပြုချက်မရဘဲ အခြားသူများကို မပေးဘူးလို့ Federal Trade Commissionနဲ့ သဘောတူထားပါတယ်။ NSAက သူ့ရဲ့ အသုံးစရိတ်တွေကို ဖုံးကွယ်ထားသလို တရားရုံးကိစ္စတွေမှာလည်း စိတ်ကြိုက်ချယ်လှယ်နေတာပါ။
• သင့်ရဲ့ Facebook အကောင့်ကို ဖျက်လိုက်တာနဲ့ ဒေတာတွေဟာလည်း ပျက်သွားမှာပါ။ NSAကို သင့်သတင်းအချက်အလက်တွေ ရယူထားသလား သွားမေးရင်တော့ စိတ်ညစ်ရပါလိမ့်မယ်။ ProPublicaရဲ့ သတင်းထောက် Jeff Larsonက သတင်းအချက်အလက် လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ တောင်းဆိုမှုကို NSAထံ ပေးပို့ရာမှာတော့ ပြန်စာမရရှိပါဘူး။
ဒီတစ်ပတ်မှာ ထွက်ပေါ်ခဲ့တဲ့ ပုဂ္ဂလိက သတင်းအချက်အလက်တွေကို လုံခြုံစေတဲ့ Tor Routerလို Toolsတွေကို သုံးရင်တောင် NSAရဲ့ လက်ကမလွတ်ဘူးဆိုတဲ့ သတင်းကတော့ အဆိုးဆုံးပါပဲ။
Facebookရဲ့ စမ်းသပ်မှုကို ဘာ့ကြောင့် မကျေနပ်ကြတာလဲ။
Facebookရဲ့ စမ်းသပ်မှုကို ဘာ့ကြောင့် မကျေနပ်ကြတာလဲ ဆိုတဲ့ အကြောင်းအချက်တွေကို လေ့လာတွေ့ရှိရပါတယ်။
တစ်ခုက Facebookဟာ ထင်သာမြင်သာရှိပါတယ်။ သူဟာ နေရာတိုင်းမှ ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ ပါ၀င်နေပါတယ်။
Facebookရဲ့ News Feedမှာ ပြောင်းလဲပြသမှုအပေါ် ဝေဖန်မှုတွေက ကွန်းမန့်တွေမှာ တွေ့နေရတာ နှစ်တော်တော်ကြာပါပြီ။ သင်ကလစ်နှိပ်တာကို ဘယ်လို သိရှိတာနဲ့ သင့်ရဲ့ News Feedမှာ ပြသဖို့ ရွေးချယ်ပုံတွေကတော့ မသိရှိရသေးပါဘူး။ ဒီစမ်းသပ်မှုဟာ လက်ရှိ သီအိုရီကို ကစားတဲ့ အလှည့်အပြောင်း တစ်ခုမျှသာရှိပါတယ်။
ဒါပေမယ့် တုန့်ပြန်ချက်တွေကတော့ အလွန်အကျွံပါပဲ။
ကျင့်၀တ်ပြဿနာနဲ့ သဘောတူညီမှုတွေလည်း လိုအပ်နေပါတယ်။
Facebookက ဒီလိုစမ်းသပ်မှုမျိုးကို ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့ဖူးပြီး အသုံးပြုသူတွေကြားမှာ နေ့စဉ်စနောက်တဲ့ သဘောလောက်ပါပဲ။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
