MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2013-07-10

Perth Education City သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

By Kan Gyi

Archived article. This text reflects its original publication date; products, links and information may have changed.
Perth Education City သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

Vero Public Relations Myanmarမှ Perth Education City သတင်းစာ ရှင်းလင်းပွဲကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့ (အင်္ဂါနေ့) နေ့လည် ၁နာရီခွဲမှ ၃နာရီအထိ Stand Hotel (ရန်ကုန်)တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Perth Education Cityသည် အမြတ်အစွန်းအတွက် မဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး သြစတြေးလျ အစိုးရ၏ ထောက်ခံမှု အပြည့်အဝ ရရှိထားကြောင်း၊ မူလက Perth Education City (PEC)ဟု ခေါ်တွင်သော Study Perthကို ၁၉၈၇တွင် စတင် တည်ထောင်ခဲ့ပြီး နိုင်ငံတကာ အဆင့်မီ ပညာရေး ရရှိနိုင်ရန်အတွက် ရည်မှန်းကာ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ Study Perthကို ယခုအခါ အနောက် သြစတြေးလျ အစိုးရမှ Department of State Developmentနှင့် Department of Education Servicesမှတစ်ဆင့် အခိုင်အမာ ထောက်ခံထားကြောင်း၊ နိုင်ငံတကာ အဆင့်မီ ပညာရေး ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြု Perth ဖြစ်လာစေရန် ရည်မှန်း၍ Study Perth တက္ကသိုလ် အဖွဲ့ဝင်များတွင် ကမ္ဘာ့အဆင့်မီ တက္ကသိုလ် ငါးခု အပါအဝင် လေ့လာရန် ဘာသာရပ်များစွာနှင့် အရည်အချင်းပြည့် သင်ကြားရေး ဆရာများ၊ မူလတန်း၊ အလယ်တန်းနှင့် အင်္ဂလိပ်စာ သင်ကြားရေး ကောလိပ်များ ပါဝင်ပြီး၊ အစိုးရနှင့် ပုဂ္ဂလိကပိုင်များဖြစ်ကြောင်း၊ Perth Education Cityသည် မြန်မာနိုင်ငံမှ နိုင်ငံတကာ အရည်အသွေးမီ ပညာရေး ရရှိရန်အတွက် ကြိုးပမ်းလိုသူများကို နွေးထွေးစွာ ကမ်းလှမ်း ကြိုဆိုရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရပါသည်။

အထက်ပါ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်မည့် အကြောင်းအရာနှင့် မေးမြန်းလိုသည်များ ရှိပါက Vero Public Relations Myanmarမှ ဦးစိုးသူရနှင့် ဒေါ်စုစုထွေးတို့အား ဖုန်းနံပါတ် ၀၁-၅၁၂-၀၁၇၊ ၀၉-၄၃၁-၆၈၄-၆၈၊ ၀၉-၄၂၁-၁၅၉-၂၂၀တို့တွင် ဆက်သွယ် အတည်ပြု မေးမြန်းနိုင်သည့်အပြင် soe@veropr.com, susu@veropr.com သို့လည်း အီးမေးလ် ပေးပို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive