မြန်မာနိုင်ငံ လျှပ်စစ်မီး အပြည့်အဝ ရရှိရေး ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၄၀ အတိုးမဲ့ချေး
By Kan Gyi

လျှပ်စစ်မီး မရရှိသော မြန်မာနိုင်ငံ လူဦး ရေ၏ ၇၅ရာခိုင်နှုန်းအား ကူညီပေးရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာ တွင် အဓိက အခြေခံ လိုအပ်ချက် ဖြစ်သော လျှပ်စစ်မီး ရရှိစေရန် ရည်ရွယ်၍ ကမ္ဘာ့ဘဏ် က အမေရိကန် ဒေါ်လာသန်း ၁၄၀ကို အတိုးမဲ့ ချေးငွေအဖြစ် မြန်မာနိုင်ငံ လျှပ်စစ် မီး ရရှိရေး စီမံကိန်းအတွက် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ အသုံးပြုသွား မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ Mr. Axel Van Trontsenburgက မေလ ၃၁ရက်နေ့တွင် ပြည်လမ်း၊ ၆မိုင်ခွဲရှိ ကမ္ဘာ့ဘဏ်ရုံးခွဲ၌ ပြု လုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြော ကြားခဲ့သည်ဟု သိရပါသည်။ မီးပျက်မှုကို လျှော့ချရန်နှင့် လျှပ်စစ်ဓာတ်အား မရရှိ သည့် လေးပုံသုံးပုံသော လူဦးရေ အတွက် လျှပ်စစ် ရရှိမှု တိုးမြှင့်နိုင်ရေး ကာလကို ဖြေရှင်းနည်း တစ်ရပ်အဖြစ် ကမ္ဘာ့ဘဏ် အုပ်စုသည် သဘာဝ ပတ်ဝန်းကျင်နှင့် သင့် တော်သည့် ဓာတ်ငွေ့တာဘိုင်များကို သုံး၍ လိုအပ်ချက် မြင့်မားသည့် လျှပ်စစ်ဓာတ်ကို ထုတ်ယူရန် ကူညီ နေကြောင်း၊ ရေရှည်တွင် လာအိုနှင့် ဗီယက်နမ်တို့ကဲ့သို့ လျှပ်စစ် ဓာတ်အား ရရှိမှု မြန်ဆန်မှု တိုးမြှင့်နိုင်သော အခွင့်အလမ်းများကို ရှာဖွေဖော် ထုတ်သွား မည် ဖြစ်ကြောင်း၊ ၎င်းက ပြောပါသည်။ Mr. Axel Van Trantsenlourgက ဆက်လက်၍ “လျှပ်စစ်မီးရရှိဖို့က ရေတိုရေရှည်နဲ့ လတ်တ လော စီမံကိန်းဆိုပြီး ကဏ္႑ ၃ခုနဲ့ လုပ်ဆောင် နေပါတယ်။ ပြည်သူအားလုံးမှာ ရရှိဖို့ လိုအပ်နေတာက လျှပ်စစ်မီးပဲ။ ဘာဖြစ် လို့လဲ ဆိုတော့ မြန်မာနိုင်ငံဟာ လျှပ်စစ်မီးကို အနည်းဆုံးသာ ပေးနိုင်တဲ့ အခြေအနေမှာ ရှိနေလို့ပါပဲ”ဟု ပြောကြားခဲ့သည်။
လျှပ်စစ်မီး ရရှိရေး စီမံကိန်းတွင် ကနဦး အဖြစ် အမေရိကန် ဒေါ်လာသန်း ၁၄၀ဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ လျှပ်စစ်မဂ္ဂတ် ၁၂၀ထွက်သော ဂက်စ်တာဘိုင် စီမံကိန်း ပြန်လည်ပြုပြင်ခြင်းကို ရေတိုအဖြစ် စက် တင်ဘာလတွင် စတင် လုပ်ဆောင်သွားမည် ဖြစ်သည်။ ကမ္ဘာ့ဘဏ်အုပ်စု၏ လျှော့ပေါ့ ချေးငွေအဖွဲ့ဖြစ်သော နိုင်ငံတကာ ဖံွ့ဖြိုး တိုးတက်ရေး အသင်း (IDAကတစ်ဆင့် အတိုးမဲ့ ချေးငွေဖြစ်သော်လည်း ဝန်ဆောင်ခ ၇ဒဿမ ၅ရာခိုင်နှုန်းပေးရမည် ဖြစ်ပြီး၊ နှစ် ၄၀ချေးငွေ ဖြစ်သောကြောင့် ၁၀နှစ် ဆိုင်းငံ့ ခွင့် ရှိသည်ဟု သိရပါသည်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
