MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Architecture · 2014-05-21

ကမ္ဘာ့ဈေးအကြီးဆုံးအိမ်

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.

Indiaရဲ့ အချမ်းသာဆုံးဖြစ်တဲ့ Mukesh Ambaniပိုင်ဆိုင်တဲ့ မွန်ဘိုင်းမြို့ရှိ ၂၇ ထပ် မိုးမျှော်အိမ်ကို Forbesရဲ့ ကမ္ဘာ့ဈေးအကြီးဆုံးအိမ်စာရင်းမှာ ထိပ်ဆုံးမှ ဖော်ပြထားပါတယ်။ ပေလေးသောင်း ပတ်လည် အကျယ်ရှိပြီး Antiliaလို့ နာမည်ပေးထားပါတယ်။

Reliance Industriesရဲ့ Chairmanဖြစ်သူ Ambaniဟာ အိမ်အတွက် ဒေါ်လာ သန်းတစ်ထောင် ကနေ သန်းနှစ်ထောင်ကြား အသုံးပြုခဲ့ပါတယ်။ ဒါဟာ World Trade Center ခုနစ်လုံး တည်ဆောက်လို့ ရတဲ့ ငွေပမာဏ ဖြစ်ပါတယ်။ World Trade Centerဟာ ၅၂ ထပ် အမြင့်ရှိ တာဝါဖြစ်ပြီး မန်ဟက်တန်ရှိ Ground Zeroရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ အကျယ်အ၀န်းအားဖြင့် ၁.၇ သန်းပေပတ်လည် ရှိပါတယ်။

Ambaniရဲ့ အိမ်ဟာ ပေ ၅၇၀ အမြင့်ရှိပြီး အထပ်ခြောက်ထပ်မှာ ကားရပ်နားနိုင်ပါတယ်။ ဟယ်လီကော်ပတာ ဆင်းသက်ရန် နေရာ သုံးခုရှိပြီး ၀န်ထမ်းခြောက်ရာနဲ့ အိမ်ကို လည်ပတ်နေရတယ်လို့ သိရပါတယ်။

၂၀၀၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

1

2

3

Forbesရဲ့ ဈေးအကြီးဆုံးအိမ်များစာရင်းမှ ဒုတိယအိမ်က ပြင်သစ်နိုင်ငံမှာရှိတဲ့ Lily Safraရဲ့ Villa Leopoldaဖြစ်ပါတယ်။ ၂၀ ဧက ကျယ်ပြီး အဲဒီအိမ်ဟာ ဘယ်လဂျီယမ်ဘုရင် King Leopold IIက သူ့ရဲ့ မိဖုရားများအတွက် ဆောက်လုပ်ခဲ့တဲ့ ရေနဲ့ ထိစပ်နေတဲ့ အိမ်များထဲမှ တစ်လုံး ဖြစ်တယ်လို့ ပြောကြပါတယ်။

ယူရို သန်းငါးရာ တန်ကြေးရှိပြီး ရုရှားသူကြွယ် Mikhail Prokhorovက ၂၀၀၈ ခုနှစ်မှာ ၀ယ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ Prokhorovဟာ စရံငွေ ယူရို သန်းငါးဆယ် အရှုံးခံပြီး အိမ်၀ယ်ယူဖို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

4

တတိယဈေးအကြီးဆုံး အိမ်ကတော့ နယူးယောက်မှ Ira Rennertရဲ့ Fair Field ဖြစ်ပါတယ်။ အဲဒီအိမ်ဟာ ရောင်း၀ယ်မှု လုံး၀ မရှိသေးပါဘူး။ ဒေါ်လာ ၂၄၈.၅ သန်းတန်ကြေး ရှိတယ်လို့ ကနဦး အခွန်တွက်ချက်မှု စာရင်းအရ သိရပါတယ်။ အိပ်ခန်း ၂၉ ခန်း၊ ရေကူးကန် သုံးခုနဲ့ ကိုယ်ပိုင် စွမ်းအင် ထုတ်လုပ်တဲ့ Power Plant ရှိပါတယ်။

မကြာမီက ဒေါ်လာ ၂၃၇ သန်းနဲ့ ရောင်းချခဲ့တဲ့ လန်ဒန်ရှိ အိမ်ကတော့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ အိမ်ကို Eastern Europeanကို ရောင်းချခဲ့တာဖြစ်ပါတယ်။

လန်ဒန်မှ Lakshmi Mittal’s Kensington Palace Gardensက ပဥ္စမ ဈေးအကြီးဆုံးအိမ် ဖြစ်ပါတယ်။ Noam Gottesmanက ၂၀၀၈ခုနှစ်မှာ အိမ်ကို ဒေါ်လာ ၂၂၂ သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။

Forbesက တန်ဖိုးမြင့် အိမ်ဈေးကွက်ဟာ တစ်ဖြည်းဖြည်း မြင့်မားလာနေပါတယ်လို့ ရေးသားထားပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး နေအိမ်အလုံး ၂၀မှာ ခြောက်လုံးကသာ ဒေါ်လာ သန်းတစ်ရာ အောက်မှာ ရှိနေပါတယ်။ အိမ်ဈေးကွက်ဟာ ၂၀၁၃ ခုနှစ်မှာ ငြိမ်သက်နေပြီး ဒေါ်လာသန်းတစ်ရာအထက် အိမ်များ ရောင်း၀ယ်မှု မရှိခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်မှာတော့ ပြန်လည် လှုပ်ရှားလာပြီး အမေရိကန် တစ်နိုင်ငံထဲမှာတင် ဒေါ်လာသန်းတစ်ရာအထက် အိမ်သုံးလုံး ရောင်းချခဲ့ရပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive