Yahooက Googleထက် ကြည့်ရှုသူ ပိုများ
By Team ICT.com.mm
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Yahooအနေနဲ့ ကမ္ဘာကျော် Search Engineကြီး ဖြစ်တဲ့ Googleထက် လာရောက်ကြည့်ရှုသူ ပိုမိုများပြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒါဟာ Yahooရဲ့ CEOဖြစ်သူ Marissa Mayerအတွက် အောင်မြင်မှု တစ်ခုဖြစ်ပြီး အဆိုပါ သတင်းကို comScoreမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၁၊ ဧပရယ်လမှ စလို့ Yahooအနေနဲ့ ပြိုင်ဘက် Googleကို ပထမဆုံးအကြိမ် အနိုင်ရလိုက်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ အဆိုပါ ထုတ်ပြန်ချက်ကိုလည်း တင်ပြလိုက်ပါတယ်။ ဒီပုံထဲမှာ မပါ၀င်တဲ့ Tumblr လူမှုကွန်ရက် Siteဟာလည်း ယခုလအတွင်းမှာ အမေရိကန်က ကြည့်ရှုသူပေါင်း ၃၈.၄သန်းခန့် ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလို ကိန်းဂဏန်းကြေညာချက် တွေထွက် ရှိလာလို့ Googleရဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေကို ထိခိုက်မှာတော့ မဟုတ်ပါဘူး။ ကမ္ဘာကျော် Search Engineကြီး Googleဟာ ဈေးကွက်ရဲ့ ၆၇%တောင် ပိုင်ဆိုင်ထားတယ်လို့ comScoreရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ် ခင်ဗျာ။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive

