MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2014-06-27

Samsungက Ooredoo Myanmarနှင့်လည်း လက်တွဲဆောင်ရွက်ရန် သဘောတူညီ

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
Samsungက Ooredoo Myanmarနှင့်လည်း လက်တွဲဆောင်ရွက်ရန် သဘောတူညီ

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmarသည် ယင်းတို့၏ ဆင်းမ်ကတ်များ စတင်ရောင်းချသည့် အချိန်မှစတင်ပြီး ကုန်ကျစရိတ်သက်သာသည့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် Samsungနှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

Ooredoo Myanmarနှင့် ကိုရီးယား မိုဘိုင်းကုမ္ပဏီတို့၏ အဆိုပါပူးပေါင်းမှုသည် နော်ဝေဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Telenorနှင့် Samsung ကုမ္ပဏီတို့ ပူးပေါင်းလိုက်ပြီဆိုသည့် သတင်းများထွက်ပေါ်အပြီး နာရီပိုင်းအတွင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Telenorနှင့် Samsungတို့ ပူးပေါင်းတဲ့သတင်းကို ဒီဆောင်းပါး မှာဖတ်နိုင်ပါတယ်။

ထို့ကြောင့် ကိုရီးယားနိုင်ငံ၏ ကမ္ဘာကျော် Samsung မိုဘိုင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့်နိုင်ငံခြားကုမ္ပဏီ နှစ်ခုလုံးနှင့် ပူးပေါင်းဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကာတာဆက်သွယ်ရေး လုပ်ငန်းနှင့် Samsung ကုမ္ပဏီတို့၏ ပူးပေါင်းမှုကြောင့် Galaxy Smart ဖုန်းများနှင့် Tabletများကို Ooredoo ဆင်းမ်ကတ်ရောင်းချသည့် အရောင်းဆိုင်များတွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive